30/11/2016 : How Facebook News Feed Works

ဒီဆောင်းပါးက Facebook ကနေ သင်ရဲ့  News Feed မှာ ဘာတွေပြသဖို့  ရွေးချယ်မလဲ နှင့် လူအများကြည့်ရှုသော သင့်ရဲ့ အကြောင်းအရာများကို ဘယ်လို ရယူမလဲ ကို လမ်းညွှန်ပေးပါသည်။

Algorithm သည် အမြဲတမ်း ပြောင်းလဲနေသောကြောင့် ထိလိုက်တဲ့အချိန်မှာ News Feed က ဘယ်လိုအလုပ်လုပ်လဲဆိုတာ နားလည်နိုင်သည်။

ထိုကြောင့် TechCrunch မှ News Feed နှင့် ပတ်သတ်သည့် ၁၀ နှစ်ပြည့်အခမ်းအနားအတွက် ဒီသုသေသန Project ကို ထုတ်ဖော်ပြခဲ့သည်။ Facebook ရှိ Team member များနှင့် အင်တာဗျူးခြင်း၊ ကုမ္ပဏီ၏
ကြေငြာချက်များကို ပြုစုခြင်း နှင့် ဆယ်စုနှစ်တစ်ခုကြာ Facebook ၏ လွှမ်းခြုံမှုများကို ပြန်လည်သုံးသပ်ခဲ့သည်။  ရလဒ်က ရှင်းပြပေးဖို့ အတွက် ကူညီပေးနိုင်ပါတယ်။

News Feed ၏ ပန်းတိုင်

Facebook ၏ ရည်ရွယ်ချက်သည် သက်ဆိုင်သောသူများနှင့် ပါဝင်ပတ်သတ်သော အကြောင်းအရာများကို News Feed တွင် ပြသပေးဖို့  ဖြစ်သည်။ ထိုအရာက နေ့ စဉ် သင်၏ News Feed ပေါ်ရှိ ပေါ်လာသမျှ
အလားအလာရှိသော News Feed ထောင်ပေါင်းများစွာထဲမှ အကောင်းဆုံး News Feed များကို ရွေးချယ်ပေးသည်။

News Feed များအားလုံးကို အဆင့်သတ်မှတ်ပေးခဲ့ပြီး အရေးကြီးသော News Feed များကို အစဉ်အလိုက် ဖော်ပြပေးပါသည်။ ဒါမှမဟုတ် သင့်ရဲ့ သူငယ်ချင်း

ဆယ်ယောက်ထဲက မျှဝေထားသော ဆောင်းပါးဖော်ပြပေးနိုင်ပါသည်။ ပုံမှန်အားဖြင့် မျှဝေထားသော လင့်များသည် ၀က်ဆိုက်များမှ ကုန်ပစ္စည်းအမှတ်တံဆိပ်များ

ဖြစ်ကြသည်။

Facebook သည် သင့်၏ Like, Comment , Share , Click နှင့် စာဖတ်မှုကြာချိန် မူတည်ပြီး News Feed များကို ဦးစားပေး ဖော်ပြပေးပါသည်။

ထိုအရာကို "engagement" လို့ သတ်မှတ်လို့ ရပါသည်။ Facebook သည် online စစ်တမ်းများ ကောက်ယူမှုများနှင့် Offline Groups များမှ News Feed များနှင့်

ပတ်သတ်ပြီး လူတွေရဲ့ မှတ်ချက်စကားများ ပို၍ ရရှိစေနိုင်ပါသည်။

News Feed များနှင့် ပို၍ထိတွေ့ မှုများပါက သင်အနေဖြင့် Facebook ကို ပို၍ အသုံးပြုဖြစ်သည်။ News Feed တွင် ဖော်ပြထားသော ကြော်ငြာများနှင့်

ဆက်သွယ်ထားသော သူများသည် Commision ပိုမို ရရှိစေနိုင်ပါသည်။

လူတွေဆီသို့  ပုံမှန်ဖော်ပြပေးနိုင်မှု

လူအများနှင့် Page များ ဆက်သွယ်ပြီး Content များစွာ မျှဝေလာပါက News Feed တွင် ဖော်ပြဖို့ နေရာရရှိရန် ရုန်းကန်လာရသည်။ လွန်ခဲ့သော ဆယ်နှစ်ခန့် ကထက်

News Feed ပေါ်တွင် အသုံးပြုသော အချိန်များသည် တိုးတက်လာသော်လည်း မျှဝေထားသော အကြောင်းအရာများက လျှင်မြန်စွာ တိုးတက်လာခြင်း မရှိသေးပေ။

သင်ဘာကို မြင်ရမလဲဆိုတဲ့ အဓိကအချက်
ဘယ်လိုအစီအစဉ်မျိုးမှာ ဘယ်လိုပေါ်လာဖို့  Facebook 's Algorithm က ရွေးချယ်သလဲဆိုတာ သိပါသလား။ ထိုသဘောတရားက အကြောင်းအရာတိုင်း လူတိုင်းဆီကို 

သင့်လျော်သော ပုံစံဖြင့် ပြသပေးရန် ခက်ခဲလှပါတယ်။ များသောအားဖြင့် သူ့ နှင့် သက်ဆိုင်သော အကြောင်းအရာများကို အရင်ဆုံး ပြသပေးလေ့ ရှိပါတယ်။ 

Algorithm သည် Account ဆီသို့  မတူညီသော ထောင်ပေါင်းများစွာ Signal များ ယူဆောင်ပေးပါတယ်။ သို့ သော်လည်း သူနှင့်သက်ဆိုင်သော အကြောင်းအရာ

ပြသပေးရန် အဓိက အပိုင်း (၄) ပိုင်းသာ ရှိသောကြောင့် အသုံးပြုသူ အနေဖြင့် အလွယ်တကူ မြင်နိုင်စွမ်း ရှိပါတယ်။

ဘယ်သူက Post တင်လဲ
သင်က အရင်အချိန်တုန်းက Post တင်သောသူနှင့် ဆက်သွယ်ခြင်းများပါက Facebook က သူ့ ရဲ့ နောက်ထပ်တင်မယ့် Post များကို ပို၍ စိတ်ဝင်စားတယ်လို့ 

ထင်လိုက်ပါတယ်။ ဒီဆက်သွယ်မှုများက ဘယ်လိုအရာတွေကို ကြည့်သလဲဆိုရင် Link ပြုလုပ်ခြင်း၊ Comment ပေးခြင်း၊ Click လုပ်ကြည့်ခြင်း၊ သူရဲ့ Post 

အပြည့်အစုံကို Slowing Down လုပ်၍ ဖတ်ရှုခြင်း၊ သူ့ ရဲ့  Profile ဒါမှမဟုတ် Page ကို ၀င်ကြည့်ခြင်း၊ သူ့ ကို Tag လုပ်ခြင်း၊ သူက ဓာတ်ပုံ (သို့ ) Posts တစ်ခုခုတွင်

သင့်အား Tag ပြန်လုပ်ခြင်းနှင့် အခြား Facebook ပေါ်မှ များစွာသော လုပ်ဆောင်ချက်များကို စောင့်ကြည့်ပါတယ်။ ဒီအချက်က သင့်ရဲ့ Old Friend များရဲ့ 
Posts မမြင်ရခြင်းမှာ နှစ်များစွာ သူနှင့် ဆက်သွယ်မှု လုံးဝ မရှိခဲ့သောကြောင့် ဖြစ်ပါတယ်။

အခြားလူများက Post များနှင့် ဘယ်လို ထိတွေ့ သလဲ
အထူးသဖြင့် အခြားသော သူများက Post များနှင့် ထိတွေ့ မှုများလာပါက သင်ဆီကို Facebook က ပြသပေးပါတယ်။ တခါတရံတွင် လူ(သို့ ) Page များမှ တင်သော

 ငြီးငွေ့ ဖွယ်ရာ Post တစ်ခုသည် ထိတွေ့ မှုမရှိပါက ပြသမှု နည်းအောင် Facebook က ပြုလုပ်လိုက်ပါတယ်။ အကယ်၍ လူအရေအတွက် အများအပြားက 

ပထမအနေဖြင့် ထိတွေ့ မှု ပြုလုပ်ပါက Facebook သည် စိတ်ဝင်စားမှုများသည်ဟု မှတ်ယူ၍ လူအများအပြားကိုပြသပေးပါတယ်။

ဘယ်လို Post အမျိုးအစားလဲ
သင်အနေဖြင့် သေချာသော Post များ( status ၊ link ၊ ဓာတ်ပုံ၊ ဗွီဒီယို၊ event၊ အလုပ်ပြောင်းခြင်း၊ အခြား app မှ အကြောင်းအရာများ) တွင် ထိတွေ့ ဆက်စပ်မှုများပါက

သင့်ကို Facebook မှ ၎င်းPost ရဲ့  အမျိုးအစား အတိအကျကို ဖော်ပြပေးပါတယ်။ မတူညီသောလူများက မတူညီသော Post အမျိုးအစားတွင် ပျော်ရွင်ကြပါတယ်။ 

ကျွန်တော်က သတင်းဆောင်းပါးများ ဖတ်ရတာ နှစ်သက်သော်လည်း သင်က Video ကြည့်ရတာ နှစ်သက်တာလည်း ဖြစ်နိုင်ပါတယ်။ အကယ်၍ သင်က

Video လုံးဝ မကြည့်ရှုပါက သင် Video မြောက်မြားစွာ မမြင်တွေ့ ရနိုင်ဖို့  Facebook မှ လူအများအတွက် ကိုက်ညီအောင် ပြုလုပ်ပေးပါတယ်။

ဘယ်အချိန်မှာ Post တွေ တင်ကြသလဲ
မကြာသေးမီက တင်လိုက်သော Post များသည် သင်မြင်တွေ့ ရဖို့ များပါတယ်။ သို့ သော်လည်း Facebook သည် သင်၏ News Feed ကို နောက်ဆုံး Check 

လုပ်ခဲ့တဲ့ အချိန်ကို Detect လုပ်ပါတယ်။ သူတို့  Post တင်နေချိန်တွင် သင်က log in မ၀င်ထားပါက အစီအစဉ်တကျလုပ်လိုက်ပြီး ကောင်းမွန်သော Post များသာ

 မြင်နိုင်တော့သည်။ မိနစ်အနည်းငယ်အတိုင်း (သို့ ) နာရီအနည်းငယ်အတိုင်း Check လုပ်ပါက Facebook သည် မကြာသေးမီက Post များကိုသာ 

ဦးစားပေး ဖော်ပြပါတယ်။

တူညီသော အကြောင်းအရာကို လူဘယ်လောက်က တင်ကြသလဲ
Facebook သည် သူငယ်ချင်းအများအပြား (သို့ ) Page များက တူညီသော အကြောင်းအရာများကို တင်ပါက မြင့်မားစွာ အဆင့်သတ်မှတ်ချက် ပြုလုပ်ပါတယ်။ 

အကယ်၍ သင့်၏မိတ်ဆွေ တစ်ဒါဇင်ခန့် က တူသော ဗွီဒီယို (သို့ ) ဓာတ်ပုံကို မျှဝေခဲ့ပါက Facebook သည် "သင်နှင့် အခြား သူငယ်ချင်း ၁၁ ယောက် မှ 

Post အား မျှဝေခဲ့သည်" ဟု New Feeds ၏ အပေါ်ပိုင်းတွင် ပြသပေးပါသည်။

Facebook ၏ Product အသစ်
Facebook သည် Product အသစ် မိတ်ဆက်ပေးခဲ့ပြီး Live Video နှင့် Slide Show များလည်း ပါဝင်လာသည်။ ကုမ္ပဏီအနေဖြင့် ထို Product များအပေါ်တွင်

 ဘယ်လောက် ထိတွေ့ မှုရှိသလဲဆိုတာ စမ်းသပ်သင့်ပါတယ်။

ကြော်ငြာဘယ်လို ထည့်သွင်းမလဲ

Facebook သည် New Feed တွင် ကြော်ငြာများ ထည့်သွင်းလာသည်။ ထိုကြော်ငြာများသည် ပုံမှန်တင်နေကျ Post ကဲ့သို့  ထည့်သွင်းဖော်ပြခြင်းမဟုတ်သော်လည်း

 ပုံမှန် Post ကြားတွင် ဖော်ပြပေးပါသည်။
ကြော်ငြာတစ်ခုပြပြီး ဘေးသို့ push လုပ်လိုက်ပါက နောက်ကြော်ငြာတစ်ခုကို ပြသပေးပါတယ်။
င်္Facebook သည် page (သို့ ) စီပွားရေးကြော်ငြာ ထည့်သွင်းလိုပါက တူညီသော ပုံစံကို အသုံးပြုသော်လည်း Algorithm အဆင့်သတ်မှတ်ချက် ခွဲခြားသည်။ 

Facebook သည် သင်မြင်တွေ့ ရမယ့် ကြော်ငြာအရေအတွက်ကို ကန့် သတ်သည်။ ကြော်ငြာကို Click ခြင်းအားဖြင့် ပိုက်ဆံများစွာ ရှာနိုင်သောကြောင့် 

သင့်အတွက် ဖြစ်နိုင်ခြေရှိသည့် ကြော်ငြာများကိုသာ ပြသပေးပါတယ်။Facebook သည် သင့်၏ အကြောင်းကို ပိုသိနေပါက သက်ဆိုင်သော ကြော်ငြာများ

 ပို၍ ပြသပေးနိုင်သည်။ အကယ်၍ သင်သည် ကိုယ်ရေးကိုယ်တာ အချက်အလက်များ ဖြည့်စွက်ခြင်းနှင့် Page ၏ အကြောင်းအရာများ Like လုပ်ခြင်း

 ပြုလုပ်ပါက Facebook ကြော်ငြာများသည် စိတ်ကြိုက်ဖြစ်သော သက်ဆိုင်သော အကြောင်းအရာများ ဖော်ပြနိုင်လာသည်။ ထိုအပြင် Products အကြောင်း၊ 

apps များ၊ event များနှင့် သင်အမှန်တကယ် စိတ်ဝင်စားသော နောက်ထပ်အကြောင်းအရာများကို သတိပေး ဖော်ပြပေးပါတယ်။

သင့်ရဲ့ News Feed ကို ဘယ်လိုထိန်းချုပ်မလဲ
Facebook သည် သင်မြင်ချင်သောအရာများကို သွယ်ဝိုက်သောနည်းလမ်း (သို့ ) ရှင်းရှင်းလင်းလင်းဖော်ပြထားသော နည်းလမ်းများဖြင့် ပြသပေးပါတယ်။
သွယ်ဝိုက်သောနည်းလမ်းသည် သင့်ရဲ့ သာမာန် အပြုအမူမှ လာသည်။ အကယ်၍ သင်ရဲ့ သူငယ်ချင်းနှင့် ဆက်သွယ်ထားသော အကြောင်းအရာများ 

သိမ်းဆည်းခြင်း (သို့ ) ထင်ရှားသော ခေါင်းစဉ်အကြောင်းပြောဆိုခြင်း ပြုလုပ်ပါက သူတို့ ဆီမှ နောက်ထပ် အကြောင်းအရာများစွာ မြင်တွေ့ ရနိုင်ပါတယ်။ 

အကယ်၍ သင်ဟာ တစ်စုံတစ်ယောက်ရဲ့  Post (သို့ ) Page တစ်ခုခုမှ တင်သော အကြောင်းအရာများ အပေါ်ယံ အကြမ်းဖျဉ်းသာ ဖတ်ရှုပြီး Click လုပ်ခြင်း

 မပြုလုပ်ပါက မြင်တွေ့ ရနိုင်ချေ နည်းပါး ပါတယ်။ Facebook သည် ရှင်းလင်းသော Tools ထောက်ပံ့ထားပြီး ထိုအရာက New Feed အတွက် 

သင်ဘာကိုလုပ်ချင်သလဲနှင့် သင်ဘာကို မမြင်ချင်သလဲဆိုတာ လုပ်ဆောင်နိုင်ပါတယ်။ အကြောင်းအရာတစ်ခုချင်းဆီ၏ ညာဘက် အပေါ်ထောင့်စွန်းတွင်

အောက်သို့ ဆွဲချနိုင်သော မြားရှိပြီး အောက်ပါ အချက်များ လုပ်ဆောင်နိုင်ပါသည်။

  • Hide a post က သင်မမြင်ချင်သော အရာများကို ရပ်တန့် ပေးနိုင်ပြီး ထိုအကြောင်းအရာနှင့်ဆင်တူသော post များ အနည်းငယ်သာ မြင်နိုင်တော့မည်
  • Post တင်သောသူကို unfollow လုပ်ထားပါက သူတင်သမျှ Post များအားလုံး မမြင်ရနိုင်တော့ပါ
  • အကြောင်းအရာတစ်ခုကို နောက်မှကြည့်ဖို့ အတွက် သိမ်းဆည်းထားပါက Facebook အနေဖြင့် ထိုအရာနှင့်ဆင်တူသော 

         post များ ပြသရန်ရှိသည်ဟု ပြောပြလိမ့်မည်

  • Turn on Notification လုပ်ထားပါက သူနောက်ထပ်တင်မယ့် post များအတွက် သင့်ကို အကြောင်းကြားပေးပါတယ်

နောက်ထပ် feature တစ်ခုဖြစ်သော see first option က New Feed Settings တွင် ရနိုင်ပါသေးတယ်။ ထိုအရာက လူ (သို့ ) page များမှ တင်သော 

အကြောင်းအရာများကို New Feed ၏ အပေါ်ဆုံးတွင် ပြသပေးပါတယ်။ ဒီအရာက ကိုယ်ချစ်သောသူ၊ သူငယ်ချင်းကောင်း၊ နှစ်သက်သော ကုန်ပစ္စည်းတံဆိပ် (သို့ ) 

သင်၏ ကိုယ်ပိုင်စီပွားရေးအတွက် Information ရယူရာတွင် အသုံးဝင်နိုင်ပါသည်။

New Feed တွင် Algorithm ပြောင်းလဲလာမှု၏ နောက်ဆုံးစာရင်းများ
Facebook သည် New Feed ကို လိုသလို အဆက်မပြတ် ပြောင်းလဲနေသည်။ Facebook သည် FIY များစွာကို ထုတ်လုပ်ဖြန့် ဝေပေးခဲ့သည်။ သူတို့ က 

အကြောင်းအရာတစ်ခုချင်းစီ၏ အတို အနှစ်ချုပ်ကို list ထဲတွင် ထည့်ထားပေးပါတယ်။ သင်သည် ဆောင်းပါးတစ်ခုကို ကိုးကားပြီး သူငယ်ချင်း(သို့ ) 

လုပ်ဖော်ကိုင်ဖက်ဆီသို့  မျှဝေပါက New Feed က ဘယ်လိုအလုပ်လုပ်နေသလဲဆိုတာ နားမလည်နိုင်ပါဘူး။ New Feed ၏ ပြောင်းလဲလာမှုကြေငြာချက်ကို

 list ပြုလုပ်ထားပါသည်။

Page များမှ အရည်အသွေးမြင့်မားသော Post များ ပြသခြင်း

သင်ဆီကမှန်ကန်သော လူဆီက အချိန်မီ မျှဝေလိုက်သော အကြောင်းအရာသည် ပို၍ စိတ်ဝင်စားမှု ဖြစ်စေပါသည်။ New Feed တွင် တင်လိုက်သော 

အကြောင်းအရာသည် နိမ့်ကျသော အရည်အသွေး (သို့ ) အခြားအကြောင်းအရာအတွက် complain မဖြစ်ပါဘူး။ မပြသပဲ ဖုံးကွယ်ထားခြင်း မပြလုပ်ပါဘူး။

ပြည့်စုံသော Page profile နှင့် အခြား အရည်အသွေးမြင့်မားသော Page များလည်း ပါဝင်သည်။

ပိုများလာသော သက်ဆိုင်ရာ ကြော်ငြာများ ပြသခြင်း

ကြော်ငြာများ နည်းပါးခြင်းသည် အခြားလူများက Hide ထားသောကြောင့် ဖြစ်ပါသည်။ လူတစ်ယောက်က မကြာသေးမီက ကြော်ငြာများကို hide ထားပါက 

အနည်းငယ်သာ မြင်ရသည်။

အရည်အသွေး မြင့်မားသော သတင်းများ ပြသခြင်း

များစွာသော link များသည် အရည်အသွေးမြင့်မားသော ဆောင်းပါးများဖြစ်ပြီး link အနည်းငယ်သာ ကိုယ်ပိုင်ဓာတ်ပုံများ ဖြစ်နိုင်ပါသည်။ သူနှင့်ဆက်စပ်သော

 ဆောင်းပါးတစ်ခုကို Click လုပ်လိုက်ပါက comment အသစ်တွင် မျဉ်းပြသထားပါသည်။

သူငယ်ချင်းများဆီမှ နောက်ဆုံးတင်သော အကြောင်းအရာများ ပြသခြင်း

သူငယ်ချင်းဆီမှ status update  များ၊ Pages များမှ နည်းပါးသော စာကြောင်းပါ status နှင့် မျှဝေထားသော အကြောင်းအရာပါ link များပါဝင်သည်။ ထိုအပြင်

Page များမှ embedded links များနှင့် စာကြောင်း အသစ်များ ပါဝင်သည်။

သင်ကြိုက်နှစ်သက်သော ခေါင်းစဉ်နှင့်ပတ်သတ်သည့် နောက်ထပ် အချက်အလက်များ ဖော်ပြခြင်း

Page တစ်ခုက တစ်ခြား Page တစ်ခုကို Tag ပြီး post တင်ပါက သူ့ ၏ follower များပါ မြင်တွေ့ ရနိုင်ပါတယ်။

New Feed ပေါ်ရှိ Spam post များကို ရှင်းလင်းခြင်း

Page အနည်းငယ်၏ အကြောင်းအရာများသည် လူများကို like ပေးခြင်း၊ comment ပေးခြင်းနှင့် share လုပ်ပေးဖို့ အတွက် မေးပါတယ်။ အကြောင်းအရာ

 အနည်းငယ်သာ Page တွင် ဖော်ပြထားပြီး မတူညီသော ဘာသာစကားများ အသုံးပြုထားသည့်ကို spam link များတွေ့ ရသည်။ ထိုlink များသည် 

အသုံးပြုသူများအတွက် click လိုက်ပါက အနှောက်အယှက်ဖြစ်စေသည်။

ပြည့်စုံစွာ ဖော်ပြထားသော အကြောင်းအရာအပေါ်တွင် အာရုံစိုက်ခြင်း

Third Party App မျှဝေထားသော အကြောင်းအရာများနှင့် အလိုအလျောက် မျှဝေထားသော အကြောင်းအရာများ ပါဝင်ပါသည်။

ကောင်းမွန်သော Video များ ပြသခြင်း

လူအများသည် video များစွာကြည့်ရှုကြပြီး အချိန်ကြာမြင့်စွာ ကြည့်ရှုမှုလည်း ရှိသည်။ ပုံမှန်ကြည့်ရှုသူများအတွက် video များစွာ ပြသပေးနိုင်ပြီး နည်းပါးစွာ

 ကြည့်ရှုသူများအတွက် အနည်းငယ်သာ ပြသပေးပါသည်။

ဖြားယောင်းသော link များကို တိုက်ဖျက်ခြင်း

 အချို့ သော link များသည် လူတွေကို click လုပ်တာနှင့်ပတ်သတ်၍ အကြောင်းအရာ အများကြီး မဖော်ပြထားပါဘူး။ အချို့ သော link တွေသည် webpage ပေါ်တွင်

 အချိန်အများကြီး ကုန်စရာမလိုဘဲ facebook ဆီသို့ ပြန်လာနိုင်သည်။ သို့ သော်လည်း အချို့ သော link များသည် အချိန်များစွာလိုအပ်ပြီး ဓာတ်ပုံ (သို့ ) video နှင့်

 ဖော်ပြပြီး share ကြပါသည်။

ကြော်ငြာနှင့်ပတ်သတ်၍ တုံ့ ပြန်မှု ထည့်သွင်းခြင်း

တစ်ချို့ သော စစ်တမ်းကောက်ယူမှုများသည် အသုံးပြုသူနှင့် မသက်ဆိုင်သောကြောင့် hide လုပ်ကြသည်။ စစ်တမ်းများက ဒေါသထွက်စေသော အကြောင်းအရာများ

နှင့် အခြားအကြောင်းများ ဖော်ပြကြသောကြောင့်ဖြစ်သည်။

အချိန်နှင့်တပြေးညီ အကြောင်းအရာများ ပြသခြင်း

အကြောင်းအရာအများစုသည် နောက်ဆုံး update ဖြစ်သော post များကို ရည်ညွှန်းသည်။ နာမည်ကြီးသော post များသည် တင်ပြီးပြီးချင်း လူကြိုက်များကြသောလည်း

 နောက်ပိုင်းတွင် တဖြည်းဖြည်း လျော့နည်းလာသည်။

သင်မြင်လိုသော အရာကို ထိန်းချုပ်နိုင်ခြင်း

တစ်စုံတစ်ယောက်တင်တဲ့ အကြောင်းအရာများကို hide လုပ်လိုက်ပါက နောက်ထပ်တင်သမျှ post များသည် unfollow လုပ်စရာမလိုဘဲ သူ့ ၏ post များသည် 

အနည်းငယ်သာ တွေ့ မြင်ရတော့သည်။

Page များမှ Promotion အကြောင်းအရာများ လျှော့ချပေးခြင်း

တချို့ သော post သည် မိမိ၏ product များကို ၀ယ်ယူချင်အောင် တဦးတည်း အရောင်းတက်လာစေရန် ကြော်ငြာသော post များ၊ app များ၊ မဲနှိုက်မဲဖောက်မည့်

လောင်ကစားပုံစံ post များ တင်လာကြသည်။ ဒါမှမဟုတ် အခြား ကြော်ငြာများဆီမှ တူညီသောပုံစံ အကြောင်းအရာများကို ကူးချသည့် သဘောမျိုး ပြန်သုံးကြသည်။ 

 နောက်ပြောင်လိမ်လည်မှု 

 Post အနည်းငယ်ကို လူတချို့ ကနောက်ပြောင်လိမ်လည်ပြီး တင်ကြတယ် (သို့ ) post တင်ပြီးမှ ဖျက်လိုက်ကြတယ် အဘယ်ကြောင့်ဆိုသော် ထိုသတင်းတွေသည်

 တမင်သက်သက် (သို့ ) လိမ်ညာပြီး တင်ထားသော သတင်းမှားများ ဖြစ်သည်။

သူငယ်ချင်းဆီမှ တင်သော အကြောင်းအရာများစွာ ပြသပေးခြင်း

Page ၏ post များထက် သူငယ်ချင်းဆီက post များက သုံးစွဲသူ၏ wall တွင် များစွာ မြင်ရပါသည်။ တစ်ချို့ post များသည် link များဖြစ်နိုင်ပြီး တူညီသော

အကြောင်းအရာများကို ထပ်တလဲလဲ တင်တာလည်း ဖြစ်နိုင်သည်။

စာဖတ်ခြင်းတွင် အချိန်များစွာအသုံးချပါက ပိုမို၍နောက်ထပ်အကြောင်းအရာများ ပြသပေးခြင်း

အချို့ သောလူများသည်  အကြောင်းအရာ အချက်အလက်ပြည့်စုံသော post များကို အခြား post တွေထက် ပို၍ ဖတ်ရှုကြသည်။ ထိုကြောင့် facebook သည် 

သူ့ နှင့်သက်ဆိုင်သော အကြောင်းအရာများကို နောက်ထပ်ပြသပေးသည်။

See First Feature ပါဝင်လာခြင်း

Facebook ၏ New Feature ဖြစ်သော see first သည် သင်ရွေးချယ်သော သူငယ်ချင်း (သို့ ) page မှ တင်သောအကြောင်းအရာကို New Feed ၏ 

အပေါ်ဆုံးတွင် ပြသပေးပြီး များစွာအသုံးဝင်သည်။

လူများက အကြောင်းအရာများကို Hide လုပ်သော အရေအတွက်ခြားနားချက်ကို တွက်ချက်ခြင်း

New Feed Algorithm သည် သူတို့ ၏ new feed တွင် အကြောင်းအရာ အရေအတွက် များစွာ ပါဝင်လာပါက hide လုပ်ထားသော သူသည် like နှင့် comment ပေးပါက

 အနည်းငယ်သာ ပြသပေးသည်

Video ကြည့်ရာတွင် နောက်ထပ်လုပ်ဆောင်ချက်များ ပူးပေါင်းဆောင်ရွက်ခြင်း

Video ကြည့်ရှုရာတွင်လည်း အသံစနစ်ကောင်းစွာကြည့်နိုင်ပြီး Full Screen ပြုလုပ်လို့ ရသည်။ ကြည်လင်ပြတ်သားစွာ HD ဖြင့်လည်း ကြည့်နိုင်ပါသည်။

Internet လိုင်းမကောင်းသော်လည်း New Feed အသုံးပြုမှု တိုးတက်အောင် ပြုလုပ်ခြင်း

အင်တာနက်လိုင်းမကောင်းတဲ့အချိန်တွင် တင်လိုက်သော အကြောင်းအရာ၊ link နှင့် video များသည် သင့်ကြည့်ပြီးသားအကြောင်းအရာဖြစ်ပါက ပြန်လည် ပြသပေးပါသည်။

Post ပေါ်တွင် React ပေးနိုင်ခြင်း

တင်လိုက်သော အကြောင်းအရာနှင့် ပတ်သတ်၍ Like ပုံစံကဲ့သို့  အခြားခံစားချက်များ ပေးနိုင်သည်။

အရည်အသွေးနိမ့်သော အကြောင်းအရာများ လျော့ချရန် စစ်တမ်းများ ကောက်ယူခြင်း

အရည်အသွေးနိမ့်ပြီး အတုအယောင်ဖြစ်သော အကြောင်းအရာများကို စစ်တမ်းကောက်ယူပြီး ပြသမှု နည်းအောင် ပြုလုပ်သည်။

New Feed ကို Offline အသုံးပြုနိုင်ခြင်း

အင်တာနက်လိုင်းမရပါက loading symbol အစား အစောပိုင်းက ကြည့်ရှုထားသော အကြောင်းအရာများကို download လုပ်ယူပြီး အစီအစဉ်လိုက် ပြုလုပ်ကာ

 ပြသပေးသည်။

အရည်အသွေးနှင့် ပတ်သတ်ပြီး Feedback ပေးခြင်း

အကြောင်းအရာများစွာနှင့် ပတ်သတ်၍ အရည်အသွေး သုသေသနပြုလုပ်နိုင်ခြင်း နှင့် စစ်တမ်းကောက်ယူခြင်းများ ပြုလုပ်နိုင်ပါသည်။

တင်သော အကြောင်းအရာနှင့် Reaction တွဲပေးခြင်း

Facebook သည် တင်သောအကြောင်းအရာနှင့် ပတ်သတ်၍ စိတ်ခံစားမှုပြုသပါက နောက်ထပ် ခံစားချက်တူသော အကြောင်းအရာများ ပြသပေးပါသည်။ ဥပမာ သင်က

အကြောင်းအရာ တစ်ခုကို Ha Ha Reaction ပေးပါက နောက်ထပ် Funny ဖြစ်စေသော အကြောင်းအရာများ ပြသပေးပါသည်။

အသုံးပြုသူများ Live လွင့်သောအခါ တိုက်ရိုက်ပြသပေးခြင်း

သူတို့ လက်ရှိ Live လွင့်ပါက Notification ပြသပေးပါသည်။နောက်ထပ် Live video များလည်း ထပ်ပြီး ပြသပေးပါသည်။

site  များ ကြည့်ရှုသော အချိန်နှင့် ပတ်သတ်၍ ပူပေါင်းဆောင်ရွက်ခြင်း

လူများသည် Facebook မှ ဆောင်းပါး link များ ကြည့်ရှုခြင်း၊ mobile web page များ ကြည့်ခြင်းသည် အချိန်များစွာ ကုန်သည်။ တူညီသော page များမှ post 

အနည်းငယ်သာ မြင်ရခြင်းသည် ပို၍ ကောင်းမွန်သည်။

Page များထက် မိသာစုနှင့် သူငယ်ချင်းများကို ဦးစားပေး ဖော်ပြခြင်း

သင်ဂရုစိုက်ပြုသော လူများ၏ တင်သောအကြောင်းအရာ များစွာပြသပေးပြီး စီပွားရေးနှင့် အခြား သတင်းအကြောင်းအရာများကို အနည်းငယ်သာ ပြသပေးသည်။

မဟုတ်မမှန် လှည့်ဖြားဖော်ပြထားသော သတင်းခေါင်းစဉ်များအတွက် အပြစ်ပေးခြင်း

ရည်ရွယ်ချက်ရှိရှိ လူအများကို တိုက်ခိုက်သော အကြောင်းအရာများသည် သုံးစွဲသူကို Click ပြုလုပ်ချင်အောင် လှည့်စားကြသည်။

သင်၏ Personal အချက်အလက်များကို မိတ်ဆက်ပေးရန် မြှင့်တင်ပေးခြင်း

Facebook သည် သင်စိတ်ဝင်စားနိုင်သော သက်ဆိုင်သော အကြောင်းအရာများကို personal အချက်အလက်ကို ကြည့်ပြီး ခန့် မှန်းပြသပေးပါသည်။ 

သတင်းတင်ဆက်သောအကြောင်းအရာများနှင့် ခေါင်းစဉ်တစ်ခုကို အုပ်စုလိုက် ဆွေးနွေးခြင်းများ ပါဝင်သည်။

လိုင်းမကောင်းသောသူများအတွက် အကြောင်းအရာများကို စဉ်ပေးခြင်း

 လိုင်းမကောင်းသော connection နှင့် အားနည်းသော connection များ အသုံးပြုသူ user များအတွက် new stories တွင် မကြာသေးမီက download လုပ်ယူထားသော

 ကောင်းမွန်သော ဓာတ်ပုံ (သို့ ) video ကို အစီအစဉ်တကျ ပြသပေးပါတယ်။


New Feed ၏ မဟာဗျူဟာ

မျှဝေထားသော အကြောင်းအရာများသည် စိတ်ဝင်စားသော၊ အစစ်အမှန်ဖြစ်သော၊ နာမည်ကြီးသော အကြောင်းအရာများဖြစ်ကြသည်။ 

သုံးစွဲသူ၏ အမြင်အာရုံဆွဲဆောင်သော မီဒီယာ၊ ပျော်ရွင်ဖွယ် (သို့ ) စိတ်ခံစားမှု အကြောင်းအရာများ၊ အရေးကြီးသော သတင်းအကြောင်းများကို

 ဖတ်ရှုသူများပြားလာအောင် ဖော်ပြကြသည်။ 

မိမိကိုယ့်ကို Promote လုပ်ထားသော Spam များ နှင့် ရှည်လျားကျယ်ပြန့် သော အကြောင်းအရာများ ဖယ်ရှားခြင်း၊ ငြီးငွေ့ ဖွယ်ကောင်းသော မီဒီယာများသည်

 ကြည့်ရှုသူများအတွက် စိတ်ပျက်စေသော အကြောင်းအရင်းများ ဖြစ်စေသည်။ ထိုကြောင့် post တစ်ခု မတင်ခင် သင့်ကိုသင် မေးမြန်းသင့်ပါတယ်။ 

ထိုအရာကို အခြားလူများအတွက် အမှန်တကယ် စိတ်ဝင်စားစေပြီး လူများအတွက် ဖျော်ဖြေပေးသော အကြောင်းအရာ ဖြစ်နေလား။ သင့်အကြောင်း 

ကြွားဝါခြင်း (သို့ ) သင့်၏ စီပွားရေးလုပ်ငန်းအတွက် Marketing ပြုလုပ်ခြင်းလား။ Facebook ရဲ့ New Feed Algorithm က ရှုပ်ထွေးလှပါတယ်

 ဒါပေမယ့် လူများအတွက် ရိုးရှင်းပြီး လှပအောင် ပြုလုပ်ပေးနိုင်ပါတယ်။

Photo and Credit - https://techcrunch.com/2016/09/06/ultimate-guide-to-the-news-feed

Interesting in our service

DIY Website, Online Advertising