22/11/2016 : Facebook Pages, Messenger and Instagram now have a unified inbox

Facebook သည် ၎င်း၏ မိုဘိုင်း Pages Manager App ထုတ်လုပ်ခဲ့သည်။ ထိုAppတွင် Pages, Messenger

 နှင့် Instagram မှ မှတ်ချက်စကားများနှင့် စာတိုများစုစည်းထားသော inbox အသစ်တစ်ခု
ယူဆောင် ပေးခဲ့သည်။
Feature အသစ်က စီပွားရေးလုပ်ငန်းများအတွက် များစွာအထောက်အကူပြုပါသည်။ Channels တွင်ရှိသော      သူတို့ ၏ follower အားလုံးကို တစ်နေရာထဲတွင် တုံ့ ပြန်ပေးနိုင်သည်။ ထိုကြောင့် Customer များကို
လွယ်ကူစွာ ကူညီထောက်ပံ့ပေးနိုင်သည်။ 

 

အ၀င်စာများ ကြည့်ရှုရန် Page Manager အောက်ခြေတွင်ရှိသော messaging icon ကို ထိလိုက်ရုံဖြင့် ဆက်သွယ်ကြည့်ရှုနိုင်ပါသည်။ 

အခြား Tab interface features များဖြစ်သော Facebook comment များ၊ လာရောက်လည်ပတ်သူများ post ၊ review ၊ အ၀င်စာများနှင့် Instagram ရှိ မှတ်ချက်စကားများကို  ကြည့်ရှုနိုင်သည်။ သင်နဲ့ ဆက်သွယ်လာသောသူ၏ Profile အချက်အလက်များတောင် ကြည့်ရှုနိုင်ပါသေးသည်။
ထိုအရာက လူများအတွက် Facebook လူမှုကွန်ယက်တွင် သူတို့ ၏ Brand ကို မိတ်ဆက်သည့်နေရာတွင် ပို၍ လွယ်ကူစေပါသည်။
ထို Page Manager App ကို Android နှင့် iOS တွင် အသုံးပြုနိုင်ဖို့  လာမည့်အပတ်များတွင် မိတ်ဆက်ပေးမည်။ 

အခြား device များအတွက်ပါ ရကောင်း ရနိုင်ပါသေးတယ်။

Credit - Marketingoops.com

Interesting in our service

DIY Website, Online Advertising