Three facts that business owner should know about how to do "Facebook Marketing"

စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် Facebook Marketing ပြုလုပ်ရာတွင် 

သိထားသင့်သော အချက် (၃) ချက်

 

(၁) သင့်၏ စီးပွားရေးလုပ်ငန်း က Facebook ပေါ်ရှိ လူတိုင်းဆီကို ရောက်စရာ မလိုပါဘူး

 အကယ်၍ သင်ဟာ သင့်၏ စီးပွားရေးလုပ်ငန်းကို Facebook ပေါ်တွင်ကြော်ငြာဖို့ ဖန်တီးနေပါက သင်ရဲ့ ကုန်ပစ္စည်း  နှင့်ဝန်ဆောင်မှုများကို မိတ်ဆက်ပေးဖို့  လိုပါတယ်။ သင်နားလည်ထားရမှာက သင့်ရဲ့ ကုန်ပစ္စည်းနှင့် အမှတ်တံဆိပ်ကို  Facebook ပေါ်ရှိ လူတိုင်းကို သိခိုင်းဖို့ မလိုပါဘူး။ သင်၏ ကုန်ပစ္စည်း ၀န်ဆောင်မှုများကို နဂိုကတည်းက စိတ်ဝင်စား  သူများအတွက် ဘယ်လို Target ထားမလဲဆိုတာ စဉ်စားသင့်ပါတယ်။ သူတို့ က သင့်ရဲ့  ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှု  များကို မြင်တွေ့ ပါက ၀ယ်ယူအသုံးပြုခြင်းဖြင့် သင့်ရဲ့ Customer ဖြစ်လာနိုင်ပါတယ်။

 သတိပြုရန်။ ။ အရေးကြီးဆုံးအချက်မှာ သင့်ကြော်ငြာချင်တဲ့ Target ကို သိရပါမယ်။ အသက်အရွယ်၊ နေထိုင်ရာ    ဒေသ၊ စိတ်ဝင်စားမှု၊ အပြုအမူ စသဖြင့် Target ကို သေချာ သတ်မှတ်ပြီး ကြော်ငြာခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းရှင်  များကို အများကြီး ကူညီပေးစွမ်းနိုင်ပါတယ်။ Facebook Tools ကို ကောင်းကောင်းအသုံးချခြင်း အားဖြင့် ကောင်းမွန်  သောစွမ်းဆောင်မှု ဖြစ်ပေါ်စေနိုင်ပါသည်။ 

 

 

(၂) သင့်ရဲ့ Page ကို Like လုပ်ထားသူတိုင်း တင်သမျှ post အားလုံးကို မမြင်နိုင်ပါဘူး

 

 ယခုအခါ Facebook သုံးစွဲသူ အရေအတွက်ဟာ လွန်ခဲ့သော နှစ်အနည်းငယ်ကထက် များစွာတိုးတက်လာပါတယ်။  သင့်ရဲ့ Page ကို Like ထားသူ အားလုံးရဲ့ အနည်းငယ်ဆီကိုသာ သင့်ရဲ့ Post ရောက်ရှိပါတယ်။ Facebook က သုံးစွဲ  သူများကို သူတို့ ရဲ့ လူနေမှု စတိုင်နှင့် စိတ်ဝင်စားတဲ့ အကြောင်းအရာများကိုသာ
 အဓိကပြသစေချင်တာကြောင့် ဖြစ်တယ်။ ထိုကြောင့် သင့်ရဲ့ Page နဲ့ ဆက်သွယ်ကြည့်ရှုနေသူများသာ သင့်ရဲ့ Post  များကို မကြာခဏ မြင်တွေ့ ရပါတယ်။

 သတိပြုရန်။ ။ သင့်ရဲ့ Page စိတ်ဝင်စားပြီး လူကြည့်များစေရန် တင်လိုက်သော အကြောင်းအရာများသည် သင် Target  ထားသော သူများအတွက် အသုံးဝင်သော
 အကြောင်းအရာဖြစ်ပြီး အကျိုးရှိရမည်။ Post တွင် ပါရှိသော အကြောင်းအရာများသည် ဓာတ်ပုံ (သို့ ) ဗွီဒီယိုနှင့်

 ဖြစ်ပါက ကြည့်ရှုသူများအတွက် ပိုပြီး စိတ်ဝင်စားဖွယ် ဖြစ်စေသည်။ သင်ရဲ့ Post က ကြည့်ရှူသူများအတွက် ပိုပြီး 

 စိတ်ဝင်စားဖွယ် ဖြစ်ပါက မကြာခဏ၀င်ကြည့်ဖြစ်ပါလိမ့်မည်။ ထိုအပြင် ကြည့်ရှူသူများအတွက် သင့်ရဲ့ ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုများကို ဘယ်လောက်အထိ သိရှိကြောင်း ဖော်ပြပေးထားသင့်ပါတယ်။ သင့်ရဲ့ Post က မူရင်း မဖြစ်ပါက Credit ပေးထားရန်လည်း လိုအပ်ပါတယ်။  

(၃) မှန်ကန်သော Facebook Marketing Tools ကို အသုံးပြုခြင်းက သင့်ရဲ့ စီပွားရေး အောင်မြင်စေနိုင်

 

 Facebook ရဲ့  Marketing Tool ကို အသုံးပြု၍ အောင်မြင်သူများ အများအပြားရှိသကဲ့သို့  ရှုံးနိမ့်သူလည်း အများ

 အပြားရှိပါတယ်။ အဘယ်ကြောင့်ဆိုသော် သူတို့ ဟာ Target ကို ဘယ်လိုရွေးချယ်ရမလဲ ဆိုတာ သေချာမသိပါဘူး။ 

 ကြည့်ရှုသူတွေစိတ်ဝင်စားအောင်ဘယ်လိုအကြောင်းအရာတွေတင်ရမလဲ၊ တင်သမျှအကြောင်းအရာတွေ မြင်တွေ့ 

 စေရန် ဘယ်လိုဖန်တီးယူရမလဲ စသည့် ဗဟုသုတအချက်များ အားနည်းမှုကြောင့်လည်း ဖြစ်သည်။

 သတိပြုရန်။ ။ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ကုန်ပစ္စည်း၊ ၀န်ဆောင်မှုများကို Page ပေါ်တွင် ဖော်ပြပါက စဉ်စားစရာ  အခြားအချက် တစ်ချက်ရှိပါတယ်။ သင့် customer တွေက သင့်ကုန်ပစ္စည်းတွေဝယ်သုံးတယ်ဆိုတာ သင့်ကုန်ပစ္စည်း  ဘယ်လောက်ကောင်းတယ်ဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်။ အကယ်၍ သင်ဟာ သေချာလေ့လာစီမံခန့် ခွဲပြီး  ထိုအားနည်းချက်ကို ပြင်ဆင်ပါက သင်မျှော်လင့်သော ရလဒ်ထွက်ပေါ်လာနိုင်ပါသည်။

အကယ်၍ သင်ဟာ Facebook Advertising ကို စိတ်ဝင်စားပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ် မေးမြန်းနိုင်ပါသည်။

ReadyPlanet Myanmar

Online Advertising Services
(Tel 09 976831691, 09 788848091, 09 263081891)

Interesting in our service

DIY Website, Online Advertising