27/10/2016 : Facebook now lets you buy food, movie tickets on site

Facebook သည် အမေရိကန်အတွက် အစားအသောက် မှာယူခြင်း၊ ရုပ်ရှင်လက်မှတ်ဝယ်ယူခြင်း၊ ဆံပင်ဒီဇိုင်းနာနှင့် Appointment လုပ်ခြင်းအတွက် လူမှုကွန်ယက်ဝက်ဆိုဒ်မှ ထွက်စရာ မလိုဘဲ မှာယူဖို့  ခွင့်ပြုခဲ့ပါသည်။

အမေရိကန် ကုမ္ပဏီက ဗုဒ္ဓဟူးနေ့ တွင် အသုံးပြုသူများအတွက် စီပွားရေးလုပ်ငန်းများနှင့် တိုက်ရိုက်ဆက်သွယ်နိုင်မည့် Tools အသစ်ကို မိတ်ဆက် ကြော်ငြာခဲ့သည်။

ဥပမာအနေဖြင့် Facebookပေါ်ရှိ စားသောက်ဆိုင် Page တွင် ရိုးရှင်းစွာ Order Button ကို click တစ်ချက်နှိပ်ရုံဖြင့် pizza တစ်ခု ပို့ ပေးနိုင်ပါတယ်။သို့ သော်လည်း

 စားသောက်ဆိုင်က delivery.com သို့ မဟုတ် အခြားဆိုဒ်တစ်ခုကို အသုံးပြုမှသာ မှာယူနိုင်မည်။

အခြားဆိုင်များဖြစ်သော မိတ်ကပ်နှင့်ဆံပင် အလှပြင်ဆိုင်တွင် Customer များက Appointment လုပ်ဖို့ တာင်းဆိုနိုင်ပါတယ်။ ထို Appointment ကို ပိုင်ရှင်မှ ကုမ္ပဏီ

မိုဘိုင်းစာတိုပို့ တဲ့ application ဖြစ်သော Facebook Messenger ဖြင့် အတည်ပြုနိုင်ပါတယ်။ အချို့ သော စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း သူတို့ ရဲ့ Page အတွက် button ထည့်နိုင်ပြီး customer အနေဖြင့် ဈေးနှုန်းများ မေးမြန်းနိုင်ပါသည်။

ထိုအပြင် Facebook သည် Fandango နှင့် စီးပွားမိတ်ဖက် အနေဖြင့် ၀င်ရောက်လာပြီး ရုပ်ရှင်လက်မှတ်များ Page မှ တိုက်ရိုက် ၀ယ်ယူနိုင်ဖို့  ခွင့်ပြုခဲ့ပါသည်။ အသုံးပြုသူများ

အနေဖြင့်လည်း သူတို့ ၏ ကိုယ်ပိုင် Facebook Page မှ Ticketmaster သို့ မဟုတ် Eventbrite ၏ event လက်မှတ်များကိုလည်း ၀ယ်ယူနိုင်ပါသည်။

လူမှုမီဒီယာဆိုဒ်မှ Tool အသစ်တစ်ခုကို မိတ်ဆက်ခဲ့ပြီး ဆိုင်များနှင့် အခြားဝန်ဆောင်မှုများအတွက် အခြားအသုံးပြုသူများဆီမှ ထောက်ခံချက်များ ရရှိနိုင်ပါသည်။အကယ်၍

အသုံးပြုသူမှ အကြံဥာဏ်မေးမြန်းခြင်း၊ သူငယ်ချင်းများက မှတ်ချက်စကားများ၊ အကြံပြုစာများ ပေးခြင်းစသည့်အချက်များကို အတည်ပြုပါက မြေပုံတွင် ပြသပေးပါသည်။

ဇွန်လအနေဖြင့် Facebook တွင် နေ့ စဉ်အသုံးပြုသူအရေအတွက် ၁.၁၃ ဘီလီလျံရှိသည်။ ၈၄.၅ ရာခိုင်နှုန်းခန့် ဟာ အမေရိကန်နှင့် ကနေဒါ နှစ်နိုင်ငံရဲ့ အပြင်က ဖြစ်သည်။

ယခုအခါ အမေရိကန်ရှိ အသုံးပြုသူများအတွက် ထို Features အသစ်ကို ကန့် သတ်ထားခဲ့သည်။

ဗုဒ္ဓဟူးနေ့ က Features အသစ်ထွက်လာပြီး နောက်ထပ် Tools အသစ်အတွက် စီပွားရေးလုပ်ငန်းနှင့် တိုက်ရိုက်ဆက်သွယ်နိုင်ရန် ဒီလအတွင်း မိတ်ဆက်ပေးမည်

ဟု ကတိပေးခဲ့သည်။

အကယ်၍ သင်ဟာ Facebook Advertising ကို စိတ်ဝင်စားပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ် မေးမြန်းနိုင်ပါသည်။

ReadyPlanet Myanmar

Online Advertising Services
(Tel 09 976831691, 09 788848091, 09 263081891)

Credit - JapanToday

Photo Credit - marketingoops

Interesting in our service

DIY Website, Online Advertising