17/10/2016 : Facebook replaces ‘brand resource center’ with new website and assets

Facebook သည် FacebookBrand.com ၀က်ဆိုဒ်ကို မိတ်ဆက်ပေးခဲ့ပြီး အစောပိုင်း ကုန်ပစ္စည်းအမှတ်တံဆိပ် center နေရာတွင် အစားထိုးရန်ဖြစ်သည်။

အဆိုပါ ၀က်ဆိုဒ်သည် Facebook ရဲ့ တံဆိပ်နှင့် ကုန်ပစ္စည်းအမှတ်တံဆိပ်များ ထုတ်လုပ်ခြင်း၊ ရုပ်ရှင်နှင့် ရုပ်သံမီဒီယာထုတ်လွှင့်ခြင်း၊ Online အသုံးပြုခြင်း စသည့်တို့ ကို

ဘယ်လိုအသုံးပြုလဲဆိုတာ မြင်သာထင်သာရှိအောင် အသေးစိတ် ညွှန်းကြားပေးပါတယ်။

Facebook သည် ဒီလအစောပိုင်းတွင် လူမှုကွန်ယက်တွင် "f" တံဆိပ် အဖြစ် Design ပြန်ပြောင်းလဲထားသည်။ သို့ သော်လည်း လွန်ခဲ့သော အပတ်က Brand Resource Center ကို

Version အသစ်ဖြင့် ပြောင်းလဲထားခြင်း မရှိပါ။ ယခုအခါ ရိုးရှင်းစွာ logo အသစ်ပြောင်းလဲခြင်းအစား ကုမ္ပဏီမှ website အသစ် တစ်ခုလုံး ဖန်တီးခဲ့ပြီး ကုန်ပစ္စည်း ရပ်တည်မှုနှင့် စည်းမျဉ်းကြား

Facebook၏ ပိုင်ဆိုင်မှုများကိုသုံးပြီး ဆက်သွယ်နိုင်ဖို့  အတွက် ဖြစ်သည်။

Facebook သည် ကမ္ဘာပေါ်တွင် လူသိအများဆုံး ကုန်ပစ္စည်းအမှတ်တံဆိပ်ထဲက တစ်ခုဖြစ်ပြီး အလွဲသုံးစား

လုပ်မှုလည်း အများဆုံးဖြစ်သည်။

လူနှင့် စီပွားရေးလုပ်ငန်းများက ပုံမှန်အားဖြင့် ပြောင်းလဲထားသော (သို့ ) ခေတ်မမီသော logo များကို အသုံးပြုကြပြီး Facebook ကိုလမ်းညွှန်းထားခြင်းက သူတို့ ၏ကြော်ငြာကို ကိုယ်စားပြုထားခြင်း မဟုတ်ပါဘူး။

Facebook ရဲ့ Website အသစ် FacebookBrand.com သည် ကြော်ငြာသူ၊ ဖန်တီးသူ၊ ထုတ်ဝေသူ၊ ရုပ်ရှင်ဖန်တီးသူ နှင့် ကုမ္ပဏီအမည်၊ အမှတ်တံဆိပ် နှင့် ဓာတ်ပုံများကို

သူတို့ အလုပ်အတွက် သုံးသူများအဖို့  ပြုလုပ်သင့်သည်အရာများ၊ မသင့်သည်အရာများ၊ အမေးများသော မေးခွန်းများ ပါဝင်ပါသည်။

စည်းမျဉ်းစည်းကမ်း အရေအတွက် များစွာရှိပြီး ပါဝင်ပတ်သတ်သူများက အကုန်လုံး ဂရုမစိုက်နိုင်ပါဘူး။ ထိုစည်းမျဉ်းစည်းကမ်းများကို Facebook မှ တရားဝင် ပြဌာန်းထားခြင်း

ဖြစ်ပါသည်။

ဥပမာအနေဖြင့် မည်သူမဆို Facebook သုံးပြီး ရုပ်ရှင် (သို့ ) ရုပ်သံမီဒီယာ ထုတ်လွှင့်မှုများ ပြုလုပ်ပါက ကုမ္ပဏီမှ ကြိုတင်၍ မဖြစ်မနေ သဘောတူညီမှု ရယူထားရသည်။


Like Button ဓာတ်ပုံကို Facebook ၏ တရားဝင် Plugin မှလွဲ၍ အွန်လိုင်းပေါ်တွင် နမူနာအနေဖြင့် အသုံးမပြုနိုင်ပါဘူး။


ထုတ်လုပ်မှုနှင့် ထုတ်ပိုးမှုတွင် Like Button ဓာတ်ပုံကို အသုံးပြုကြသော်လည်း Like စာသားနေရာတွင် အစာထိုး အသုံးပြုကြခြင်း မရှိပါဘူး။


Credit - http://www.adweek.com

Interesting in our service

DIY Website, Online Advertising