Google ရဲ့  Customer များက ချီးမြှင့်သည့် စိတ်ကျေနပ်မှု ရရှိအောင် အများဆုံး ၀န်ဆောင်မှုပေးနိုင် သော

 

ReadyPlanet သည် ထိုင်းနိုင်ငံတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အွန်လိုင်း ဒီဂျစ်တယ် Marketing ပေးလာခဲ့သည်မှာ
၁၆နှစ် ကျော်ရှိပြီ ဖြစ်သည်။ ယခုအခါ ReadyPlanet သည် ထိုင်းနိုင်ငံတွင် ပထမဆုံး Google ရဲ့  Premier SME Partner မိတ်ဆက်ပေးခဲ့သည်။
ထိုအပြင် အခြား အွန်လိုင်းကြော်ငြာဝန်ဆောင်မှုဖြစ်တဲ့ Facebook ၊ Baidu နှင့် Alibaba တွင်လည်း ဦးဆောင်နေသည်။

ထိုအပြင် ReadyPlanet ၏ ၀န်ထမ်းနှင့် စီမံခန့် ခွဲမှုအပေါ်တွင် အာရုံစူးစိုက်မှု အားကောင်းမှုကြောင့် ထိုင်းနိုင်ငံတွင်ရှိသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အားလုံး အောင်မြင်မှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသည်။ ထိုကြောင့် ReadyPlanet သည် Customer များကို စိတ်ကျေနပ်မှုရရှိအောင် ၀န်ဆောင်မှုအမြင့်ဆုံး
ပေးနိုင်သောဆု Google’s Premier SME Partner award ဆုကို ချီးမြှင့်ခြင်း ခံရသည်။

 

Google’s Premier SMB Partner ဆုသည် အအောင်မြင်ဆုံး ဆုတစ်ဆုဖြစ်ပြီး အကောင်းဆုံး နေရာတစ်ခုချင်းဆီက Google premier SME Partner ကို
ပေးသောဆု ဖြစ်သည်။ အရှေ့ တောင်အာရှတွင် Google ၏ နေရာ (၉)ခု ရှိပြီး ReadyPlanet သည် ထိုင်းနိုင်ငံတွင် ဆုရရှိသည့် Partner နှစ်ခုထဲက တစ်ခု
ဖြစ်သည်။

ReadyPlanet ၏ Chief Operation Officer (COO) ဖြစ်သူ Mr. Burin က " ဒီဆုကို ရရှိလို့  ကျွန်တော်တို့ ဟာ ဖိအားရှိလာတယ်လို့ ခံစားရတယ်။ ဒီဆုက အရှေ့ တောင်အာရှမှာ တရားဝင် Google Adword Service ပေးနေတဲ့ Partner (၉) နေရာထဲက ရွေးချယ်ပြီး Google က ပေးထားတာပါ။


ကျွန်တော်တို့  Team က ReadyPlanet ရဲ့ ဒီဂျစ်တယ်ဈေးကွက်ရှာဖွေတဲ့ နေရာမှာ အဓိကပဲ။ ကျွန်တော်တို့ မှာ အတွေ့ အကြုံနှင့် ဗဟုသုတတွေ
အများကြီးရှိတယ်။ ကျွန်တော်တို့  Team မှာရှိတဲ့ လူပေါင်း (၂၀) ကျော်ဟာ Google ကပေးတဲ့ Google AdWords Certified Professional ဆုကို
ရထားသူတွေပါ။ အခြား အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းအတွက် Google Adwords ၀န်ဆောင်မှုပေးနေတဲ့ Team တွေနဲ့  နှိုင်းယှဉ်ရင် ကျွန်တော်တို့  Team က အကြီးဆုံးပါ။


ကျွန်တော်တို့ က စီပွားရေးလုပ်ငန်းရှင်တွေ ယုံကြည်မှုရရှိလာအောင် တိုင်ပင်ဆွေးနွေးတယ်။ အကောင်းဆုံး အကြံဥာဏ်ပေးတယ်။
ထိုအပြင် သူတို့  စီမံခန့် ခွဲနိုင်ဖို့ နှင့် အမြင့်ဆုံး အကျိုးအမြတ်ရရှိလာစေဖို့  ကူညီပေးပါတယ်။
နောက်ထပ်အချက်က ReadyPlanet က တစ်ခုတည်းသော Call Center Team ရှိတဲ့ ၀န်ဆောင်မှုကုမ္ပဏီဖြစ်တယ်။
အဲ Team က ထိုင်းနိုင်ငံတွင် Customer များကို ၂၄နာရီ ထောက်ပံ့ပေးတဲ့အပြင် အကောင်းဆုံး Train ပေးတယ်။
ကျွန်တော်တို့ ရဲ့ Customer တွေကို အကောင်းဆုံး ၀န်ဆောင်မှုပေးနိုင်မယ်လို့  ယုံကြည်နေပါတယ်။
ReadyPlanet နှင့် ဆက်သွယ်လာသော လူတိုင်းအတွက် စိတ်ကျေနပ်မှု အများဆုံးရရှိအောင် ၀န်ဆောင်မှုပေးနိုင်ဖို့ ဟာ ပထမဦးစားပေးပါပဲ။
ဒါကြောင့် ကျွန်တော်တို့ ဟာ အနာဂတ်အတွက် ကျွန်တော်တို့  ထုတ်ကုန်နှင့် ၀န်ဆောင်မှု များကို Customer များကို ပေးနိုင်ရန်အတွက်
ကျွန်တော်တို့ ၏ အသိပညာ ဖန်တီးမှု၊ စွမ်းဆောင်ရည် နှင့်ဝန်ဆောင်မှုများကို ရပ်တန့် မှာ မဟုတ်ဘူး" ဟု ပြောသည်။

Google Adwords