19/09/2016 : Google: 92% who search for products on mobile make purchase within a day

Google မှ လေ့လာတွေ့ ရှိမှုအသစ်အရ မိုဘိုင်းဖုန်းသုံးစွဲသူ ၁၀၀၀ ခန့် အနက် ၉၂ ရာခိုင်နှုန်းခန့် ဟာ တစ်ရက်အတွင်း
မိုဘိုင်းဖုန်းပေါ်မှ ကုန်ပစ္စည်းဝယ်ယူရန်အတွက် Google တွင် ရှာဖွေကြသည်။ ၇၆ ရာခိုင်နှုန်းခန့် ဟာ သူတို့ စီပွားရေးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတစ်ခုခုကို
တစ်ရက်အတွင်း ရှာဖွေကြကြောင်း သိရသည်။

သုသေသနပြုလုပ်ချက်တွင် အသုံးပြုသူများသည် နေ့ စဉ်လိုအပ်ချက်အရ မိုဘိုင်းဖုန်းကို ဦးစားပေး အသုံးပြုကြသည်။
၉၆ ရာခိုင်နှုန်းသည် ဖုန်းကိုအသုံးပြုကြပြီး ၇၃ ရာခိုင်နှုန်းသည် ကွန်ပျူတာ အသုံးပြုကြသည်။
၃၃ရာခိုင်နှုန်းခန့် သာ တက်ဘလက်ကို အသုံးပြုကြသည်။ အသုံးပြုသူ အားလုံး၏ ထက်ဝက်ခန့် သည် ပစ္စည်းတစ်ခုထက် ပိုသုံးကြသည်။

Google ရှိ ဒုတိယဈေးကွက်အကြီးတန်းအရာရှိဖြစ်သူ Lisa Gevelber က ဖုန်းဖြင့်သုံးစွဲသူအများစုသည် လတ်တလော ပြောင်းလဲမှာ မဟုတ်
ကြောင်း သို့ သော်လည်း ဖုန်းဖြင့်သုံးစွဲလာသည်မှာ နှစ်များစွာ ကြာမြင့်ပြီးဖြစ်ကြောင်း ပြောကြားသည်။ ထိုကြောင့် ဈေးကွက်ရှာဖွေသူ (သို့ )
စီပွားရေးလုပ်ငန်းရှင် အနေဖြင့် မိမိတို့ ၏ကြော်ငြာများကို မိုဘိုင်းဖုန်းသုံးစွဲသူများအတွက် Google တွင် ဘယ်လိုကြော်ငြာမလဲဆိုတာ ပို၍ အာရုံစိုက်သင့်ကြောင်း
ပြောကြားသည်။

မိုဘိုင်းဖုန်းသုံးစွဲသူများရဲ့ အပြုအမူအပေါ်တွင် Google၏ လေ့လာတွေ့ ရှိချက်အရ သုံးစွဲသူများသည် ကွန်ပျူတာမှ မိုဘိုင်းဖုန်းသို့  ပြောင်းလဲသုံးစွဲလာသည်မှာ
မကြာမြင့်သေးကြောင်း သိရသည်။မိုဘိုင်းဖုန်းများသည် သုံးစွဲသူများအတွက် ကုန်ပစ္စည်းအသစ်များ ရှာဖွေရာတွင်လည်းကောင်း၊ အနီးအနားရှိ
စတိုးဆိုင်များရှာရာတွင်လည်းကောင်း စသဖြင့် နေ့ စဉ် ဦးစားပေး လိုအပ်ချက် ဖြစ်လာသည်။
အင်တာနက် ကုမ္ပဏီများ၏ ဒီနှစ်အစောပိုင်းတွေ့ ရှိချက်အရ ကွန်ပျူတာများထက် မိုဘိုင်ဖုန်းများတွင် ပိုမို၍ ရှာဖွေလာကြကြောင်း သိရသည်။

အဆိုပါ ရလဒ်များ သိရှိပြီးနောက် ဈေးကွက်ရှာဖွေသူများအတွက် ပထမဆုံး မိုဘိုင်းဈေးကွက်ဖြစ်လာခဲ့သည်။
အခြေခံအကျဆုံးအချက်မှာ အီမေးလ်နှင့် ၀က်ဆိုဒ် များကို ဖုန်းဖြင့် အသုံးပြုလာသည့်အတွက် အစကတည်းက ဖုန်းနဲ့ အဆင်ပြေပြေ
အသုံးပြုနိုင်အောင် ပြုလုပ်သင့်ကြောင်း တွေ့ ရှိခဲ့သည်။

သုံးစွဲသူများသည် မိုဘိုင်းဖုန်းအပေါ်တွင် အချိန်ပေး အသုံးပြုလာသောကြောင့် ဈေးကွက်ရှာဖွေသူများအတွက် နေရာရရန် ရုန်းကန်လာရသည်။
၈၀ရာခိုင်နှုန်းခန့် သော ဈေးကွက်ရှာဖွေသူများသည် မိုဘိုင်းဈေးကွက်အတွက် ကြိုတင်မဟာဗျူဟာ မရှိပါ။
စစ်တမ်းကောက်ယူမှုအရ ဈေးကွက်ရှာဖွေသူများ၏ အသွားအလာ ၃၇ ရာခိုင်နှုန်းခန့် သည် မိုဘိုင်းဖုန်းမှ လာသည်။
ဈေးကွက်ရှာဖွေသူ ၆၃ရာခိုင်နှုန်းခန့် က ကွန်ပျူတာဖြင့်အသုံးပြုခြင်းထက် မိုဘိုင်းဖုန်းဖြင့်အသုံးပြုခြင်းရဲ့ အရည်အသွေးကို ပို၍ စဉ်စားသည်။

Google ရဲ့ တွေ့ ရှိချက် ထက်ဝက်ခန့် သည် မိုဘိုင်းဖုန်းများမှ လာသဖြင့် မိုဘိုင်းဖုန်းများသည် အရေးပါသည်။
မိုဘိုင်းဖုန်း ပြောင်းလဲသုံးစွဲလာမှုသည် သိသိသာသာ တိုးတက်လာသည်။

Liquid PCH ၏ အချက်အလက်ခေါင်းဆောင်ဖြစ်သူ Noah Jessop က "လူတွေက မိုဘိုင်းဖုန်းကိုပြောင်းလဲသုံးစွဲလာကြတယ်။
ကြိုတင်ပြင်ဆင်မှု မရှိသော ဈေးကွက်ရှာဖွေသူများအတွက် အမှီလိုက်နိုင်ဖို့  တော်တော်လေး ကြိုးစားရလိမ့်မယ် " ဟု ပြောသည်။

ဒီလတွင် Ready Planet Myanmar သည် လူကြီးမင်း၏ စီပွားရေးကြော်ငြာအတွက်
ဝန်ဆောင်မှုအသစ်ကို မိတ်ဆက်ပေးခဲ့သည်။
အဆိုပါ ၀န်ဆောင်မှုအသစ်သည် Google Adwords ဖြစ်ပြီး လူကြီးမင်း၏ကြော်ငြာများကို
Google ဖြင့် ရှာဖွေရာတွင် ပထမဆုံးစာမျက်နှာတွင် ဖော်ပြပေးသည်။
အကယ်၍ လူကြီးမင်းသည် Google Adwords အသုံးပြုခြင်းကို စိတ်ဝင်စားပါက
အောက်ပါဖုန်းနံပါတ်များကို ခေါ်ဆိုမေးမြန်းနိုင်ပါသည်။

ReadyPlanet Myanmar

Online Advertising Services
(Tel 09 976831691, 09 788848091, 09 263081891)

 

Credit - http://www.marketingdive.com

Interesting in our service

DIY Website, Online Advertising