05/08/2016: Content Marketing : Top 10 Reason for using Facebook of Facebookers

Facebook အသုံးပြုသူများ ၏ Facebook ကို အသုံးပြုရသည့် ရည်ရွယ် ချက် ၁၀ ခု

Facebook အသုံးပြုသူ ၁၀ ဦးကို Social Media ကို အသုံးပြု နေသည့် အကြောင်းအရင်း ကို မေးကြည့်သည့်အခါ ၄ ဦး သည် သူတို့၏ သူငယ်ချင်း အပေါင်းအသင်းများဖြင့် အဆက်အသွယ် မပြတ်စေရန်ရည်ရွယ်ချက် ဖြင့်အသုံးပြုသည်ဟု ဖြေဆိုကြပါသည်။

မိသားစု ၊ သူငယ်ချင်းများ ၏ ရေးသားထားသည့် Status များကို သိရှိနေရန်အတွက် NewFeeds Platform ၏ ဝန်ဆောင်မှုကို လည်း တိုးချဲ့ပေးထားပါသည်။ အထူးသဖြင့် သင့် သူငယ်ချင်း များမှ ရေးသားသည့် Status, Content များ ကို Social Media မှ ရရှိနေသည့်အတွက် သင်တို့တွေ အနေဖြင့် နေထိုင်မှု ဝေးကွာသော်လည်း သူတို့၏ လှုပ်ရှားသွားလာမှု များကို အချိန်နှင့် တပြေးညီ သိရှိနိုင်ပါသည်။ ထို့အပြင် အချို့လူများသည် အသက်အရွယ် အပိုင်းအခြားလိုက် သူတို့၏ စိတ်ဝင်စားမှုနှင့် ကိုက်ညီမှု ရှိသည့် Group များကို ဝင်ရောက် ဆွေးနွေးအကြံဥာဏ် တောင်းယူလေ့ရှိပါသည်။

နောက်ဆုံးပိုင်းတွင် Facebook မှ အသုံးပြုသူများ အတွက် Status, Content များ ဖွဲ့စည်းမှုများ ကို ပိုမို ကျယ်ပြန့်လာစေခဲ့ပါသည်။ ဒါပေမယ့်လည်း များစွားသော Network များမှ Feature အသစ်များကို ရှာဖွေထားသည့်အတွက် Zuckerberg နှင့် သူ၏ လုပ်ကိုင်ဖက် များ ၏ ကြိုးပမ်းမှု များကြောင့် နောက်ထပ် အပြောင်းအလဲ ဖြစ်စေသည့် Branded posts အချို့ ကို ပိုမို သီးခြားပုံစံဖြင့် ကြော်ငြာပေး နိုင်ခဲ့ပါသည်။ ထိုအချက်သည် Branded post အပေါ် ပိုမို ထင်ပေါ်လာစေပီး Target ထားသည့် လူများထံ တိုက်ရိုက် ရောက်ရှိစေခဲ့ပါသည်။

အထက်ပါ ဇယားကွက်ကို လေ့လာ ကြည့်ပါက သင့် စီးပွားရေးလုပ်ငန်း အတွက် အကျိုးရှိနိုင်သည် ကို သိပါသလား။
Facebook အသုံးပြုသူ ၏ ၄၀ ရာခိုင်နှုန်း ခန့်သည် Facebook မှ သတင်းများကို အချိန် နှင့် တပြေးညီ စောင်ကြည့်နေသူများ ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းခန့် သည် Facebook ရှိ ကုန်ပစ္စည်းများကို ဝယ်ယူရန် ရှာဖွေကြသူများ ဖြစ်ကြပါသည်။
ထိုအချက်များကို လေ့လာ ပြီးပါက သင့် အနေဖြင့် သင့်စီးပွားရေးလုပ်ငန်းကို Facebook channel တွင် စတင် ကြော်ငြာ သင့်နေပါသည်။ Facebook Channel သည် သင့် ကုန်ပစ္စည်း၊ စီးပွားရေး လုပ်ငန်း ကို သင် သိစေလိုသည့် လူများ ( Target Audience ) အပေါ် တိုက်ရိုက် ရောက်ရှိနိုင်သည့်အတွက် သင့် ၏ စီးပွားရေးလုပ်ငန်းကို အကျိုးရှိစေနိုင်ပါသည်။

05/08/2016
Aung Pyae Phyo Kyaw
www.readyplanet.com.mm

Photo source - www.fotolia.com
content source - www.globalwebindex.net/blog/top-10-reasons-for-using-social-media-among-facebookers

 

 

Interesting in our service

DIY Website, Online Advertising