28/06/2016 : Journal :ReadyPlanet Myanmar interviewed on Look Myanmar Facebook

၂၇ ရက် မေလ ၂၀၁၆ တွင် ဖော်ပြထားသည့် Look Myanmar Economic Facebook Page မှ ReadyPlanet Myanmar ၏ General Manager ဖြစ်သူ Mr. Edward Abel နှင့် Interview အကြောင်း ကို ဖော်ပြပေးပါမည်။ အခုဖော်ပြမည့် အချက်အလက်များ အားလုံးသည် ထိုင်းဘာသာမှ မြန်မာ ဘာသာ သို့ Translate ပြုလုပ်ထားခြင်း ဖြစ်ပါသည်။ 

ယနေ့အတွက် ReadyPlanet Myanmar မှ Director and General Manager နှင့် မြန်မာနိုင်ငံ ၏ စီးပွားစတင်ပြုလုပ်ခဲ့သည့် အကြောင်း ဆွေးနွေးခဲ့ပါသည်။ ReadyPlanet သည် ထိုင်းနိုင်ငံ တွင် နာမည်ကြီး Digital Marketing Company တစ်ခုဖြစ်ပါသည်။

#သင့်ကိုယ်သင် မိတ်ဆက်ပေးပါအုံး..
ကျွန်တော်နာမည် က Edward Abel ဖြစ်ပြီး ReadyPlanet (Myanmar) Co.,Ltd တွင် Director အဖြစ် အလုပ်လုပ်ကိုင်နေပါသည်။ အခုလက်ရှိ မြန်မာနိုင်ငံ မှ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်များ အတွက် Digital Marketing ကို ထိုင်းနိုင်ငံ မှ Service အတိုင်း အဓိက ထားပြီး ဝန်ဆောင်မှုပေးနေပါသည်။ မြန်မာနိုင်ငံ ရုံးခွဲအတွက် www.readyplanet.com.mm နှင့် www.facebook.com/readymyanmar တို့တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

#ထိုင်းနိုင်ငံ ရှိ ReadyPlanet က ဘယ်အချိန်တည်းက စတင် တည်ထောင် ဖြစ်တာလဲ ဆိုတာ ပြောပြပါအုံး
ReadyPlanet ကို ထိုင်းနိုင်ငံ တွင် တည်ထောင်ခဲ့သည် မှာ ၁၆ နှစ်ကြာခဲ့ပြီး မြန်မာ နိုင်ငံ ရုံးခွဲ မှာ ၂နှစ် ရှိခဲ့ပါပြီ။ ကျွန်တော် တို့ အနေဖြင့် မြန်မာနိုင်ငံ ရှိလူများကို ပြောင်းလဲမှုများစွာရှိသည့် Digital Marketing အကြောင်းကို အဓိကထားပြီး အသိပေးချင်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ Internet Connection သည် နှေးနေသည့်အတွက် ကြောင့် မြန်မာနိုင်ငံမှ customer များအများစု သည် သိလိုသည့်အချက်အလက်များကို Internet Channel အများစု မှ ရှာဖွေ ရှာတွင် အခက်အခဲ အနည်းငယ် ရှိခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွက် customer အသုံးပြုရလွယ်ကူမည့် DIY website (Do-it-yourself) ကို စတင်မိတ်ဆက်ပြီး ဈေးကွက်ကို စတင် ထိုးဖောက်ခဲ့ပါသည်။
ကျွန်တော် တို့ အဓိက အနေဖြင့် Programmer မလိုပဲ ကိုယ်တိုင် ပြင်ဆင်နိုင်မည့် Website ဖြင့်စတင်ခဲ့ပါသည်။ မြန်မာနိုင်ငံ အတွင်း Website service ပေးသည့် Company တစ်ခုအဖြစ် ရပ်တည်နိုင်ရန် အတွက် အချိန်မကြာခဲ့ပါ။ နောက်ပိုင်း မြန်မာနိုင်ငံ ရှိ ဆက်သွယ်ရေးကွန်ရက် company ၃ ခုမှ 3G အင်တာနက်များ စတင် လိုက်ချိန်တွင် လူအများစုသည် Mobile အသုံးပြုမှု များပြားပြီး Mobile Application အနေဖြင့် Facebook ကို အဓိက သုံးစွဲလာကြပါသည်။ ကျွန်တော်တို့ ReadyPlanet သည်လည်း ထိုင်းနိုင်ငံ၏ ပထမဦးဆုံး Facebook reseller ရရှိထားသည့်အတွက် မြန်မာနိုင်ငံအတွက်လည်း Facebook ads ကိုပါပြုလုပ်ရန် အကြံရခဲ့ပါသည်။ ထို့ကြောင့် Website Service သာမက Facebook Ads ဈေးကွက်ကို ပါ ချဲ့ထွင်လာပြီး Ads နှင့်ပတ်သက်သည့်အကြံဥာဏ်များကိုလည်း ဝေမျှခဲ့ပါသည်။

#ဘာကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေး ပြုလုပ်ရန်အတွက် ရွေးချယ်ခဲ့ပါသလဲ
 မြန်မာ နိုင်ငံ ကို ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းမှာ နောက်တစ်ချိန်တွင် မြန်မာနိုင်ငံ ၏ စီးပွားရေး ဈေးကွက် တိုးတက်လာမည် ကို မြင်တွေ့နေရသောကြောင့် ရွေးချယ်ရခြင်းဖြစ်ပါသည်။ ထို့အပြင် မြန်မာ့ ဆက်သွယ်ရေး Company ကြီး ၃ခု ဖြစ်သည့် Ooredoo, MPT နှင့် Telenor တို့မှ အင်တာနက် Service များ စတင်ပေးနေချိန်နှင့် အချိန်ကိုက်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ ၏ အင်တာနက် သည် တစ်စတစ်စ တိုးတက်ပြီး ကျွန်တော်တို့ Facebook နှင့် Website အသုံးပြုရန် လွယ်ကူလာပါသည်။ ထို့ကြောင့် ReadyPlanet ရုံးခွဲကို မြန်မာနိုင်ငံတွင် ဖွင့်ရန် ရွေးချယ် လိုက်ခြင်းလည်းဖြစ်ပါသည်။ ဦးစွာ ပထမ တော့ ဈေးကွက်ကို စတင်ထိုးဖောက်ကြည့်သည့် အချိန်တွင် မထင်မှတ်လောက်သည့် စိတ်ဝင်စားမှု မျိုးရရှိခဲ့သည့်အတွက် ကြောင့်လည်းဖြစ်ပါသည်။

#Readyplanet ကို မြန်မာနိင်ငံတွင် ဖွင့်လှစ်ချိန်တွင် ဘယ်လို ကြိုးစားခဲ့ပါလဲ
ပထမ အနေဖြင့် မြန်မာနိုင်ငံအတွက် Digital Marketing နှင့်ပတ်သက်သည့် ပြောင်းလဲမှု များအကြောင်းကို ReadyPlanet မှ ဝေမျှပေးနိုင်ခဲ့ပြီး ကိုယ်တိုင်လည်း Digital marketing နှင့် သက်ဆိုင်သည့် Product များရှိနေပါသည်။ ထိုင်းနိုင်ငံ ရှိ ReadyPlanet သည်လည်း နိုင်ငံ အသိအမှတ်အမှတ်ပြု Company ဖြစ်ပြီး အစိုးရ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင် လျက်ရှိပါသည်။ ထိုင်းနိုင်ငံ တွင်လည်း Digital Marketing နှင့်ပတ်သက်သည့် အခြေခံ အကြောင်းအရာများကို နည်းလမ်းပေါင်းစုံမှ ဝေမျှပေးနေပါသည်။ မြန်မာနိုင်ငံအတွက်လည်း အတွေ့အကြုံရှိသည့် Professional ဆန်ဆန် ပြန်လည် ရှင်းပြပေးနိုင်မည့် Service ကို လည်း ဝန်ဆောင်မှုပေးနေပါသည်။ မြန်မာနိုင်ငံ မှာ စတင်ပြုလုပ် ရသည့်အတွက် အခက်အခဲများ ရှိသောလည်း အသုံးပြုသူများ နှင့် ရင်းနှီးမြုပ်နှံသူများကို တိုက်ရိုက်ထိတွေ့နိုင်အောင် ပြုလုပ်နိုင်ခဲ့ပါသည်။

#Thai မှ စီးပွားရေးလုပ်ငန်းရှင်များ အတွက် အကြံပေးချင်တာများ ရှိပါသလား
ထိုင်း မှ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မြန်မာ ဈေးကွက်ကို ဝင်ရောက်လိုက်ပါက ခက်ခဲသည်ဟု ပြောလို့မရသလို လွယ်ကူသည်ဟု လည်း ပြောလို့မရပါ။ သင့် Product ကို သုံးစွဲသူ ထံ တိုက်ရိုက် ရောက်နိုင်ရန်အတွက် ဈေးကွက် ရွေးချယ်ရာတွင်လည်း မှန်ကန်ရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း ထိုင်းမှ Product များသည် လူသိများကြပါသည့်အတွက် သင့်အနေဖြင့် မည်ကဲ့သို့ ဈေးကွက် ကို ထိုးဖောက်မည်ဆိုသည့်အချက်ကို သင်ပြင်ဆင်ထားသင့်ပါသည်။ ထို့အပြင် သင့် Company အတွက် အကြံပေးရှေ့နေ၊ စာရင်းကိုင် တို့လည်း လိုအပ်ပါသည့်အပြင် မြန်မာနိုင်ငံတွင် အိမ်ခြံမြေ ဈေးကွက်သည် အရမ်း မြင့်မားသည့်အတွက် သင့်အတွက် Company ဖွင့်ရန် လွယ်လွယ်ကူကူ မဆုံးဖြတ် ရန် လိုအပ်ပါသည်။ ထို့ကြောင့် သင့်အနေဖြင့် သင့်တော်မည့် နေရာ နှင့် ဈေးနှုန်းကို ရွေးချယ်နိုင်ရန် လိုအပ်ပါသည်။

28/06/2016
Aung Pyae Phyo Kyaw
www.readyplanet.com.mm

Interesting in our service

DIY Website, Online Advertising