22/06/2016: Journal : To create online content, It is not difficult as you thought!

Online content တစ်ခု ဖန်တီးရန်အတွက် သင် ထင်သလောက် မခက်ခဲပါဘူး။

Website, Blog, Facebook Page, Instagram နှင့် အခြား Online Platform တို့ကို အသုံးပြုရာတွင် အတွေ့အကြုံ ရှိသည့် လုပ်ငန်းရှင်အတွက်တော့ ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှု ထက် စီးပွားရေးလုပ်ငန်းကို ဘယ်လို Promote လုပ်ရမလဲဆိုတာ သိကြပါသည်။

ယနေ့ အတွက် မိမိကိုယ်တိုင် Content တစ်ခု ကို ဘယ်လို ဖန်တီးရမည် ဆိုသည့် အချက်ကို မိတ်ဆက်ပြီး အကြံဥာဏ်အချို့ကို ရှင်းပြပေးပါမည်။ ထိုအချက်များသည် သင့် အတွက် မခက်ခဲ သလို စိတ်ဝင်စားဖို့လည်း ကောင်း ပါသည်။

၁. Content ရေးရာတွင် သင့်သူငယ်ချင်း တစ်ယောက်ကို ပြောသည့်အတိုင်း ရေးသားပါ။
Online content ကို ရေးသားရာတွင် ရုံးစာ ဆန်ဆန် ရေးသားရန် မလိုအပ်ပါဘူး။ အကယ်၍ သင့် ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှု အချက်အလက်များကို Website တွင် အပြည့်အစုံဖော်ပြ လိုပါက သင့်အနေဖြင့် အဆိုပါ အချက်အလက်များ ရေးသားရာတွင် ပုံမှန် သူငယ်ချင်းတစ်ယောက်ကို စကားပြောသည့်သဖွယ် ရေးသားသင့်ပါသည်။ ရေးသားရာတွင် စကားလုံးအသုံးနှုန်းကို လည်း အထူးသတိထားပြီး စာလုံးပေါင်း သတ်ပုံ ကိုလည်း သတိပြုသင့်ပါသည်။

၂. သင့်ကိုယ်သင် စီးပွားရေးလုပ်ငန်း ပိုင်ရှင် ဖြစ်ကြောင်း ပြောပြပါ။
သင့်အနေဖြင့် စီးပွားရေးလုပ်ငန်းကို မည်သည့်အချိန်မှ စိတ်ဝင်စားပြီး စတင်ဖြစ်သည့် အကြောင်းကို ရှင်းပြပါ။ ထို့နောက် သင့်၏ စီးပွားရေး အတွေ့အကြုံ နှင့် ရှေ့ဆက်လုပ်မည့် လုပ်ငန်းစဉ်ကို ဖော်ပြပေးပါ။ ဒီအချက်များကြောင့် သင့် customer များက သင့်အပေါ်ရင်းနှီးမှု ရှိလာပြီး ယုံကြည်မှု ပိုမို ရှိလာစေပါသည်။

၃. သင့် လုပ်ငန်း အကြောင်းကို ပြောပြပါ။
ဥပမာ အနေဖြင့် နည်းပညာ ၊ လုပ်ငန်းစဉ်၊ ကုန်ကြမ်း ပြောင်းလဲမှု တို့က သင့်လုပ်ငန်းအပေါ် ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေပြီး အဆိုပါ ပြောင်းလဲမှုတွေကို ဘယ်လို ထိန်းချုပ် ခဲ့သလဲ ဆိုသည့် အချက်များ ရေးသားပါ။ ထိုအချက်သည် သင့်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအတွက် ဘယ်လောက် လုပ်ပြ နိုင်သည် ကို customer များမှ သိနိုင်မှာ ဖြစ်ပါသည်။

၎. သင့်တို့ထံ မှ ဝန်ဆောင်မှု ယူထားသည့် Customer တစ်ယောက်နှင့် Interview ကို ဥပမာ အနေဖြင့် ဖော်ပြပေးပါ။
သင်တို့၏ ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှု ကို ရယူထားသည့် customer တစ်ယောက်ကို ဖိတ်ခေါ်ပြီး သူ့၏ ဝန်ဆောင်မှု အပေါ် စိတ်ကျေနပ်မှု အကြောင်းမေးမြန်းပါ။ Interview အတွက် ဖိတ်ခေါ်လိုက်ခြင်းသည် သင့် customer အတွက် လုပ်ငန်းအပေါ်မှာ ယုံကြည်မှု ပိုမို ရှိလာစေရန် အတွက် ဖြစ်ပါသည်။ Customer အသစ်များ သည်လည်း သင့် စီးပွားရေး လုပ်ငန်း နှင့် ပူးပေါင်းရန်အတွက် အဆိုပါ Interview များကို စိတ်ဝင်တစား စောင့်ကြည့်လေ့ ရှိပါသည်။

၅. ကုန်ပစ္စည်းပြပွဲ များရှိပါက သွားရောက်လည်ပတ် ပြီး သင်ကိုယ်တိုင် စီးပွားရေး အကြောင်း ဆွေးနွေးနိုင်အောင် ကြိုးစားပါ။
ကုန်ပစ္စည်း ပြပွဲသည် သင့်အတွက် စီးပွားရေးလုပ်ငန်းဆိုင်ရာ အသိပညာ ရရှိုရုံသာမက သင့်၏ အတွေ့အကြုံများ နှင့်ပတ်သက်ပြီး ပြန်လည်ဝေမျှနိုင်သလို Content ကောင်း တစ်ပုဒ် ရရှိအောင်လည်း ဖန်တီးနိုင်ပါသည်။ ထို့အပြင် အဆိုပါ ပြန်လည်ဝေမျှ၊ ဖန်တီးသည့် Content ကြောင့် customer များထံမှ ယုံကြည်မှု ကို ရရှိပြီး သင့်ကုန်ပစ္စည်းများ ဝန်ဆောင်မှု ကို ဝယ်ယူရန် အတွက် ရွေးချယ်ကြမှာဖြစ်ပါသည်။

၆. အခုလက်ရှိ customer အသစ်များအပေါ် အကြံဥာဏ်များ ပေးပါ။
Customer အသစ်များ အတွက် သင့်ထံမှ ကောင်းမွန်သည့် အကြံဥာဏ်များပေးနိုင်သည့်အတွက် သင့်ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှုကို ယုံကြည်စွာ ဝယ်ယူအားပေး နိုင်ပါသည်။ Customer အဟောင်းများ သည်လည်း သင်၏ customer အသစ်များအပေါ် ဝန်ဆောင်မှုကို ကြည့်ပြီး စိတ်ကျေနပ်ကာ သင့်အတွက် အမြဲတမ်း customer ဖြစ်ဖို့ ဆုံးဖြတ်ချက်များ ချလာနိုင်ပါသည်။

၇. သင့် ဝန်ထမ်းများ၏ ဓာတ်ပုံ နှင့် Interview ကို ဖော်ပြပါ။
သင့် ဝန်ထမ်းများ အလုပ်လုပ်နေသည့်အချိန် ကို ဓာတ်ပုံ ရိုက်ထားပါ။ ဝန်ထမ်းဓာတ်ပုံများသည် ဘယ်လိုအချိန်တွင် အသုံးပြုသင့်သလဲ ဆိုတော့ Customer ကို ကုန်ပစ္စည်းများ ရောင်းသည့် အချိန် နှင့် Customer ကို အကြံဥာဏ်ပေးနေသည့်အခါ တွင် အသုံးပြု နိုင်ပါသည်။ အဆိုပါ ဓာတ်ပုံများ ကိုလည်း Content ရေးရာတွင် အသုံးပြုခြင်းဖြင့် သင့် စီးပွားရေး လုပ်ငန်း ၏ လည်ပတ်ပုံ များ ကို customer များမှ သိရှိနိုင်မှာ ဖြစ်ပါသည်။

အခု ဖော်ပြခဲ့သည့် အချက် ၇ ချက်သည် အနည်းငယ်သာ ရှိပါသေးသည်။သင်ကိုယ်တိုင် ဖန်တီးပြီး ကိုယ်ပိုင် Website နှင့် Facebook Page မှာ ဖော်ပြချင်ပါက သင်၏ ကိုယ်ပိုင် ဥာဏ်စွမ်းနှင့် လုပ်ငန်းအတွေ့အကြုံများကိုအသုံးချပြီး Content ကောင်းများ ကို ရေးသားနိုင်မှာဖြစ်ပါသည်။ အခုဖော်ပြခဲ့သည့် အကြံဥာဏ်များမှ အချို့အချက်များသည် သင်၏ Digital Business အတွက် အကျိုးရှိ လိမ့်မည်ဟု မျှော်လင့်မိပါသည်။

22/06/2016
Aung Pyae Phyo Kyaw
www.readyplanet.com.mm

Interesting in our service

DIY Website, Online Advertising