20/06/2016 : Journal : 3 facts need to know to do facebook marketing

Facebook Marketing ကို ပြုလုပ်ရန်အတွက် သိထားသင့်သည့် အချက် ၃ ချက်

Mr. Burin Kledmanee (COO - ReadyPlanet ) မှ " Digital Tips " နှင့် ပတ်သက်သည့် " Facebook Marketing " အကြောင်းကို 18 May 2016 ထုတ် သတင်းစာတွင် ဖော်ပြခဲ့ပါသည်။

၁. မိမိ စီးပွားရေးလုပ်ငန်း ကို Facebook အသုံးပြုသူ လူတိုင်းထံ သို့ ပေးပို့ရန် မလိုအပ်ပါဘူး။

အရေးကြီးဆုံး အနေဖြင့် သင့် ကြေညာ ချင်သည့် Target ၏ အသက်၊ နေရပ် ၊ စိတ်ဝင်စားမှု ၊ ဝါသနာ .. အစရှိသည်များကို အဓိက ထားပြီး ကြည့်သင့်ပါသည်။ ထိုမှသာ လူအားလုံးပေါ် ကြေညာ ခြင်းထက် အခုလို Target ထားပြီး ကြေညာ ခြင်း က ပိုမို ထိရောက်ပါသည်။

၂. သင့်၏ Page မှ post များကို Follower နှင့် Fans များမှ အကုန် မြင်တွေ့ရမှာ မဟုတ်ပါ။

အခုချိန်တွင် Facebook ၏ New Feed ပေါ်သို့ မိမိ Post များ တက်ရောက်မှုသည် အရင်က ထက် နည်းပါးလာပါသည်။ ဘာကြောင့်လဲ ဆိုတော့ Facebook မှ အသုံးပြုသူများ ၏ Privacy ကို ထိန်းပေးထားသည့် အတွက်ကြောင့်ဖြစ်ပါသည်။ ဒါကြောင့် သင့်အနေဖြင့် Content Marketing ပြုလုပ်ရန်အတွက် သင့်၏ အဓိက Target ထားသည့် သုံးစွဲသူများ အတွက် ထိရောက်သည့် Content ကို ဖန်တီးနိုင်ရပါမည်။ အဆိုပါ နည်းလမ်းသည် သင့်အတွက် ပုံမှန် Follower များ နှင့် Fan များမှ သင့် Post များကို Like, Comment & Share များ ပြုလုပ်ပေးခြင်းဖြင့် အခြားသူများ ထံ ရောက်ရှိနိုင်ပါသည်။

၃. အချို့သော စီးပွားရေး လုပ်ငန်းများသည် Facebook Ads ပြုလုပ်သော်လည်း မအောင်မြင် နိုင်ပါ။

အခုလက်ရှိတွင် အချို့ စီးပွားရေး လုပ်ငန်းများ သည် Facebook တွင် ကြေညာပြုလုပ် သော်လည်း ကောင်းမွန်သည့် Result ကို မရရှိကြပါ။ ဘာကြောင့်အောင်မြင်မှု မရသည့် အချက်မှာ Target ရွေးချယ်ရာတွင် အတွေ့အကြုံ နည်းပါးခြင်း နှင့် ရေရှည် customer များကို အဓိက Target မထား ခြင်းတို့ပဲ ဖြစ်ပါသည်။ ထို့အပြင် content များသည်လည်း ကောင်းမွန်ခြင်းမရှိသည့် အတွက်ကြောင့် customer များမှ စိတ်ဝင်စားမှု မရရှိနိုင်ပါ။ တစ်ခါတစ်လေ customer များမှ ပစ္စည်းမဝယ်ယူခင် အကူအညီများ ၊ အကြံဥာဏ်များ တောင်းယူကြပါသည်။ ထို comment များ နှင့် Message များကို ပြန်လည် ဖြေကြားခြင်းမရှိသည့် အချိန်တွင်လည်း customer များ၏ စိတ်ကျေနပ်ခြင်း မရှိကြသည်ကို သတိထားရပါမည်။ ထိုအချက် ကို သတိထားပါက သင့်အတွက် ရေရှည်လက်တွဲမည့် customer များဖြင့် တွေ့နိုင် မှာ ဖြစ်ပါသည်။

20/06/2016
Aung Pyae Phyo Kyaw
www.readyplanet.com.mm

Interesting in our service

DIY Website, Online Advertising