15/06/2016: Interview : Founder website auto-thailand.com

အကယ်၍ သင်အနေဖြင့် တစ်ယောက်ထဲ Online Business တစ်ခု ပြုလုပ်ချင်ပါက ရင်းနှီးမြုပ်နှံရမည့် ကုန်ကျစရိတ်အတွက် တွေးပူမနေပါနဲ့။ ဘာကြောင့်လည်းဆိုတော့ အခုခေတ် အွန်လိုင်းလောက တွင် လူများ၏ စိတ်ဝင်စားမှု၊ ဝါသနာ အစရှိသည်များ ကို အဓိက target ထားပြီး စတင်လိုက်ပါ။

ကျွန်တော်တို့ ReadyPlanet မှ customer တစ်ယောက်ဖြစ်သည့် automobil မှ Mr. Vithit ကို Online business လောကတွင် အောင်မြင်မှု ရရှိနေသည့် အကြောင်းကို မေးမြန်းခဲ့ပါသည်။

                  

မိမိ စိတ်ဝင်စားမှု ရှိသည့် စီးပွားလုပ်ငန်းကို ပြောင်းလဲလိုက်ပါ။
Mr. Vithit မှအကြံပေးသည်မှာ " ကျွန်တော် ငယ်စဉ်အချိန် က ကား နှင့် Automobils များ အကြောင်းကို အရမ်းစိတ်ဝင်စားခဲ့ပါတယ်။ ဒါကြောင့် ကား နဲ့ပတ်သက်တဲ့ အကြောင်းအရာများ ဖြစ်သည့် ကားအမျိုးအစားများ၊ ကား၏ လုပ်ဆောင်ချက်များ နှင့် စွမ်းဆောင်ရည်များကို လေ့လာခဲ့ပါတယ်။ ပြီးတော့ စာအရေးအသားလည်း ကောင်းတာကြောင့် content တော်တော် များများကို ရေးဖြစ်ခဲ့ပါသည်။ အစပိုင်းမှာတော့ content writer အဖြစ် နှစ်အတော် ကြာ လုပ်ဖြစ်ခဲ့ပြီး content အများစုမှာ ကား၏ အချက်အလက်များ၊ မည်သည့်ကားအမျိုးအစားသည် စိတ်ဝင်စားမှုများပြားသည့် အကြောင်းများကို ရေးဖြစ်ခဲ့ပါတယ်။ " ဟု ပြောခဲ့ပါသည်။

Online မှာ စတင် အလုပ်လုပ်မည်ဟု ခိုင်မာစွာ ဆုံးဖြတ်ချက်ချပါ။
နှစ်အတော်ကြာ content writer အဖြစ် အလုပ်လုပ်ခဲ့ပြီးနောက် Mr. Vithit အနေဖြင့် သူ့အတွက် Online လောက သည် အနာဂတ်တွင် ပြောင်းလဲမှု များစွာပေးနိုင်သည် ကို သတိထားမိလာပါသည်။ အထူးသဖြင့် Search Engine များဖြစ်သည့် Google နှင့် Yahoo တို့သည် လူအများနှင့် ထိတွေ့မှု များပါသည်။ ယနေ့ခေတ်တွင် စာအုပ်၊ ဂျာနယ်များမှ အချက်အလက်များ ရှာဖွေမှုသည် နည်းပါးလာပြီး Online မှ ရှာဖွေမှုကို များစွာပြုလုပ်လာပါသည်။ ဒါကြောင့် Mr. Vithit အနေဖြင့် Website တစ်ခု ကို စတင်တည်ထောင်ပြီး Automobils နှင့်ပတ်သက်သည့် content များကို ရေးသားပြီး ဖော်ပြပေးထားခဲ့ပါသည့်အတွက် သူ့၏ content များကို စိတ်ဝင်စားသည့် လူများသည် Online တွင် လွယ်ကူစွာရှာဖွေလာနိုင်ပါသည်။
နောက်ပိုင်း သူ၏ content များသည် အောင်မြင်မှု ရလာသောကြောင့် နာမည်ကြီး Automobil company များမှ သူတို့၏ Product အပေါ် review ရေးပေးပါရန် ဖိတ်ခေါ်မှုများ ရရှိလာပါသည်။ အခုအချိန်မှာတော့ သူ့၏ information website ကို online business အနေဖြင့် ပြောင်းလဲလိုက်ပါသည်။ ထိုအတွက် ရင်းနှီးမှုသည် သူ့၏ content များပင်ဖြစ်ပါသည်။

Website တစ်ခု တည်ထောင် ထားရသည့် အားသာချက်
Mr. Vithit သည် Automobils တွင် စိတ်ဝင်စားမှု များပြားသည့်အတွက် content အရေးအသားတွင် လည်း အတွေ့အကြုံများပါသည်။ ဒါကြောင့် သူ့၏ content နှင့် review များကို Website ပေါ်တွင် စိတ်ဝင်စားလာအောင် ဆွဲဆောင် ရေးသားနိုင်သောကြောင့် company တော်တော် များများ ၏ သူတို့ Automobil အပေါ် လက်တွေ့ စမ်းသပ်မှုများပါ ပြုလုပ်ပေးပြီး ရေးသားပေးပါရန် ဖိတ်ခေါ်မှုများစွာ ရရှိခဲ့ပါသည်။ သူ့၏ content များကို စာဖတ်သူတော်တော် များများ မှလည်း ယုံကြည်လက်ခံကြပါသည်။ www.auto-thailand.com သည် လည်း automobil website များထဲတွင် ရေပန်းအစားဆုံး website တစ်ခုလည်း ဖြစ်ပါသည်။
Mr. Vithit မှ " လူတိုင်းသည် သူတို့ သိချင်သည့် သတင်းအချက်အလက်များကို online တွင် လွယ်ကူစွာရှာဖွေနိုင်သည် ကို သိရသည့် အချိန်မှစပြီး website တစ်ခု ထောင်ကာ content update များကို တက်နိုင်သမျှ update ဖြစ်စေပြီး သုံးစွဲသူများ လက်ခံနိုင်အောင် ကြိုးစားလာခဲ့ပါသည်။ " ဟု ပြောကြားခဲ့ပါသည်။

                          

Mr. Vithit သည် ReadyPlanet မှ ready made website ဖြင့် စတင်အသုံးပြုရန် ဆုံးဖြတ်ခဲ့ပါသည်။
Website အတွက် ready made website ကို ပြောင်းလဲရန် ရှာဖွေ ချိန်မှာတော့ Thailand တွင် ပထမဦးဆုံး ready made website ရောင်းသည့် Company ဖြစ်သည့် ReadyPlanet ကို တွေ့ရှိပြီး ချိတ်ဆက်ခဲ့ပါသည်။ ReadyPlanet မှ Website အတွက် Free Training ပေးသလို customer အတွက် အဆင်ပြေအောင် Website ဖန်တီးမှု ကို ကူညီပေးခဲ့ပါသည်။ ReadyPlanet Call Center သည် Thailand အတွက် ပထမဦးဆုံး Website service call center လည်း ရှိပါသည်။ ထိုအချိန်တွင် အခြား Company များသည် Call Center service ကို မပြုလုပ်ကြသေးချိန်လည်း ဖြစ်ပါသည်။ ထိုအကြောင်းပြချက်များ ကြောင့် သူ့၏ စီးပွားရေးကို ReadyPlaent နှင့် ချိတ်ဆက် ခဲ့ခြင်းဖြစ်သည် ဟု Mr. Vithit မှ ပြောကြားခဲ့ပါသည်။

ReadyPlanet မှ စိတ်ဝင်စားဖို့ကောင်းသည့် ဝန်ဆောင်မှု
ပထမဦးဆုံး ReadyPlanet နဲ့ လက်တွဲချိန်တွင် သူတို့ မှ " Introduction to ReadyPlanet DIY website System " သင်တန်းကို အခမဲ့ တက်ရောက်ရန် ဖိတ်ခေါ်ပါသည်။ ReadyPlanet ၏ ရည်ရွယ်ချက်သည် သုံးစွဲသူများ ကိုယ်တိုင် website ကို စိတ်ကြိုက် ဖန်တီးနိုင်အောင် ဖြစ်ပါသည်။ သင်တန်းပြီးဆုံး ချိန်မှာတော့ website နှင့်ပတ်သက်သည့် idea များရရှိကာ website ကို စတင်ပြင်ဆင်ခဲ့ပါသည်။ အခက်အခဲရှိသည့် အချိန်တွင် အချိန်မရွေးဆက်သွယ်နိုင်အောင် call center ပါရှိသည့်အတွက် အဆင်ပြေပါခဲ့ပါသည်။ မေးခွန်းတိုင်းအပေါ်အကောင်းဆုံး ပြန်လည် ဖြေရှင်းပေးနိုင်သည့် အတွက် ReadyPlanet ကို ကျေးဇူးတင် ပါသည် . ဟု Mr. Vithit မှ ဖြေခဲ့ပါသည်။

ထို့အပြင် Website သည် server problem ဖြစ်သည့် အချက်နည်းပါးသလို Storage အတွက်လည်း စိတ်ပူစရာမလိုပါဘူး။ သူတို့ system သည် အချိန်တိုင်း ကိုယ်တိုင် update ပြုလုပ်နိုင်သည့်အတွက် အဆင်ပြေပါသည်။ ထိုအချက်သည် ReadyPlanet ၏ ကောင်းမွန်သည့် အချက်ဖြစ်သည် ဟု ဖြည့်စွက် ပြောခဲ့ပါသည်။

Mr. Vithit မှ Online business ကို စတင် ရန် စိတ်ဝင်စားသူများအတွက် အမှာစကား
" ယနေ့ခေတ် တွင် သုံးစွဲသူများသည် Offline ထက် Online ကို ပိုမို စိတ်ဝင်စား မှုများသည် ကို သတိထားရပါမည်။ အင်တာနက် အသုံးပြုမှုသည့် အရေအတွက် သည်လည်း တစ်နှစ်ထက် တစ်နှစ်များပြားလာပါသည်။ အများစုသည် Smart Phone မှ တစ်ဆင့် အချက်အလက်များကို ရှာဖွေကြပါသည်။ အဓိက Search Engine အနေဖြင့် Google ကို အဓိက ထားကြပါသည်။ သင့်အနေဖြင့် အချက်အလက် ကောင်းကောင်း များ ပြုလုပ်ထားနိုင်ပါက သုံးစွဲသူများက စိတ်ဝင်စားကာ သင့် Website မှ တစ်ဆင့် Company (သို့မဟုတ်) ဆိုင် သို့ ကိုယ်တိုင်လာရောက်နိုင်ပါသည်။ Online business သည် တစ်ကမ္ဘာလုံးနှင့် ချိတ်ဆက်ထားသည့်အတွက် သင့်စီးပွားရေးအတွက် နေရာချဲ့ထွင်ရန် အကန့်အသတ်မရှိပါ။ "

15/06/2016

Aung Pyae Phyo Kyaw

www.readyplanet.com.mm

Interesting in our service

DIY Website, Online Advertising