24/05/2016 : News: ReadyPlanet's 16 years of leadership ( Part 1 )

Digital Marketing လောကတွင် အောင်မြင်မှု ရရှိနေသည့် ReadyPlanet company ၏ ၁၆ နှစ်ကြာ အောင်မြင်စွာ ရပ်တည်နိုင်သည့် အကြောင်း ကို ၂၆ ရက်နေ့ ၊ ဧပြီလ ၊ ၂၀၁၆ တွင် ReadyPlanet Conference ခန်းမတွင် ကျင်းပခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ReadyPlanet Co.,Ltd မှ CEO ဖြစ်သူ Mr. Songyot Kanthamanon မှ ၂၀၁၆ ခုနှစ် အတွက် ReadyPlanet မှ မည်သည့် နည်းလမ်းများ ဖြင့် တိုးတက်အောင်ပြုလုပ်မည့် အကြောင်းကို ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ReadyPlanet မှ COO ဖြစ်သူ Mr. Burin Kledmanee မှလည်း ၂၀၁၆ ခုနှစ် အတွက် အသေးစား စီးပွားရေး လုပ်ငန်းများ၊ အလတ်စား စီးပွားရေး လုပ်ငန်းများ၊ အကြီးစား လုပ်ငန်းကြီးများ အတွက် မည်ကဲ့သို့ ပြုလုပ်ပါက ဈေးကွက်ထိုးဖောက်နိင်သည့်အကြောင်းအရာ များကို ရှင်းပြခဲ့ပါသည်။ ReadyPlanet နှင့် ယုံယုံကြည်ကြည် လက်တွဲလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်း တိုင်းအတွက် စီးပွားရေးတွင် အောင်မြင် မှု များ ရရှိနိုင်အောင် အကောင်းဆုံး ဝန်ဆောင်မှု ပေးနေပါသည့် အကြောင်းကို ပြောပြခဲ့ပါသည်။

Mr. Songyot မှ ဦးစွာအနေဖြင့် ReadyPlanet ကို အသေးစား မိသားစုစီးပွားရေးလုပ်ငန်း အဖြစ် လူ ၂ ယောက်ဖြင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြခဲ့ပြီး ပထမ ဦးဆုံးသော အသင့်ပြုလုပ် ဖန်တီးထားသည့် Website များကို စတင်ရောင်းချခဲ့ပါသည်။ ထို့နောက် အသေးစား စီးပွားရေးလုပ်ငန်းမှ လုပ်ငန်း မချဲ့ထွင် ခင်အချိန်မှာပဲ ကုမ္ပဏီကြီး ၄ခု ဖြစ်သည့် Google, Facebook, Baidu နှင့် Alibaba တို့ နှင့် ပူးပေါင်းနိုင်ခဲ့ပါသည်။ ထို့အပြင် မြန်မာ နိုင်ငံတွင်လည်း ရုံးခန်းခွဲ တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။ အခုလက်ရှိ တွင်လည်း Lakeshore Capital Company ဖြင့်လည်း ပူးပေါင်းနိုင်ခဲ့ပါသည်။ အဆိုပါ Lakeshore Capital Company သည် စီးပွားရေး ရင်းနှီးမြုပ်နှံသည့် company ဖြစ်ပြီး ရင်းနှီးမြုပ်နှံ ထားသည့် company ကို စီးပွားရေးချဲ့ထွင် နိုင်အောင် အဓိက ကူညီပေးသည့် Company တစ်ခုလည်း ဖြစ်ပါသည်။


၁၆ နှစ် အတွင်းမှာ ReadyPlanet မှ Website နှင့် Digital Marketing ကို အသုံးပြုသူ ၃၂၀၀၀ ကျော်ထိ ဝန်ဆောင်မှု ပေးနိုင်ခဲ့ပါသည်။ နောက်ပိုင်းတွင်လည်း ဝန်ဆောင်မှုကို ချဲ့ထွင်လာရာတွင် စီးပွားရေးလုပ်ငန်း ၁၆၀၀၀ ကျော် အထိလက်တွဲလုပ်ကိုင်လျက်ရှိပါသည်။

ReadyPlanet Company သည် ၂၀၁၅ ခုနှစ် အတွင်း ၄၀ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပါသည်။ ထို့အပြင် ပူးပေါင်းထားသည့် စီးပွားရေးလုပ်ငန်းများကို လည်း Digital Marketing ဆိုင်ရာ အချက် (၄) ချက်ဖြင့် ကူညီပံ့ပိုး လျက်ရှိပါသည်။ အဆိုပါ (၄) ချက်မှာ
- Website Service & Mobile App ( Digital Presence )
- All solution of Online Marketing Services ( Digital Advertising )
- Digital Marketing Training Services ( Digital Training )
- Digital Marketing services for enterprise ( Digital Solution for Enterprise ) တို့ဖြစ်ပါသည်။

Digital Marketing အတွက် ကျွမ်းကျင်သူ ပညာရှင်များက Strategy ၂ ခု ( Platform + People ) ကို အဓိက ထားပြီးလုပ်ဆောင်ပေးလျက်ရှိပါသည်။

24/05/2016
Aung Pyae Phyo Kyaw
www.readyplanet.com.mm

Interesting in our service

DIY Website, Online Advertising