30/03/2016 : Content Marketing : 5R for Content Marketing

Content Marketing သည် Digital World တွင် သင့် Brand နှင့် Customer ကို ရင်းနှီးအောင် ဆက်သွယ်ပေးနိုင်သည့် အရေးကြီးဆုံး အချက်ပင်ဖြစ်ပါသည်။ အကယ်၍ သင့်အနေဖြင့် ရေရှည် အသုံးဝင်နိုင်မည့် Content များဖန်တီးလိုပါက သင့်အနေဖြင့် ဘယ်လို အကြောင်းအရာများ ကို ရွေးချယ်ပြီး အသုံးပြုပါက သင့်၏ အဓိကထားသည့် အသုံးပြုများထံ ရောက်ရှိနိုင်မည် ဆိုသည့် အချက်ကို စဉ်းစားရပါမည်။

ယနေ့အတွက် ReadyPlanet မှ သင့်တို့အတွက် "5R" ဆိုသည့် ခေါင်းစဉ်ဖြင့် ဘယ်လိုအသုံးဝင်သည့် Content များကို ဖန်တီးနိင်သည် ဆိုသည့်အချက်ကို ပြောပြပေးမှာ ဖြစ်ပါသည်။

 

 

1. Deliver the Right Message

သင်အနေဖြင့် content တစ်ခု ကို စတင်မပြုလုပ်ခင်အချိန် မှာ ပထမဦးဆုံး content ရဲ့ ခေါင်းစဉ် ကို ဖန်တီးရပါမယ်။ သင့်ရဲ့ မှန်ကန်သည့် အသုံးပြုသူများထံကိုသင် မည်သည့်အကြောင်းအရာ ကို ပြောမည်ဆိုသည်ကို သိရှိစေနိုင်ရန် သင့်အနေဖြင့် content ရဲ့ ဦးတည်ချက်ကိုလည်း လေ့လာရပါမည်။
အကယ်၍ သင်အနေဖြင့် Content ပြုလုပ်ခြင်းကို ကြိုက်နှစ်သက်တယ်ဆိုပါက သင့် Brand နှင့် Brand awareness အတွက် content တစ်ခု ကိုဖန်တီးပြီး ရောင်းအား နှင့် Follower တက် အောင် ပြုလုပ်နိုင်ပါသည်။

2. To the Right Person

Content ပြုလုပ်ရာတွင် သင့်အနေ ဖြင့် အမှန်အကန် အားပေးသုံးစွဲသူများ အလေ့အထ ကို သိထားရပါမည်။ ဘာကြောင့်လည်း ဆိုသည့်အချက်သည် သူတို့က မည်သည့် post ကို မဆို Like or Dislike လုပ်လို့ ရပါသည့်အချက်ကြောင့် customer side ဘက်မှ အနည်းငယ် တွေးတောပေးရပါမည်။ ထို့ကြောင့် Customer နှင့် ရင်းနှီးမှု ရထားခြင်းသည် သင့်အတွက် အရေးကြီးသည့် အချက်ပင်ဖြစ်ပါသည်။ ဒါမှသာ customer လိုအပ်သည့် အချက်ကို သိနိုင်ပြီး သူတို့ အတွက် သင့်တော်မည့် content ကို ပြုလုပ်လိုက်ပါ က ပိုပြီးလွယ်ကူပါလိမ့်မည်။

3. At the Right Time

နောက်တစ်ဆင့်အနေဖြင့် Content တင်သည့်အချိန်ကို သေချာလေ့လာသင့်ပါသည်။ ဘယ်အချိန်မှာ content ကို တင်ပါက သင့် customer တွေ တွေ့မြင်နိုင်မည် ဆိုတာ ကို ဂရုစိုက်သင့်ပါသည်။ ဂရုမစိုက်မိပါက သင့် content marketing သည် ထင်သလောက် အောင်မြင် မှု ရမှာ မဟုတ်ပါဘူး။
အကယ်၍ သင့် content marketing post ကို Facebook page မှာ တင်လိုက်သည့်အချိန်တွင် customer များ ဘယ်အချိန်တွင် အများဆုံး ဝင်ရောက် သည့်အချိန်ကို မှတ်ထားပါက သင့်အတွက် အထောက်အကူရနိုင်ပါသည်။

4. Via the Right Way

အခုဆို သင့်မှာ content ကောင်းကောင်း နှင့် post တင်ဖို့ အချိန် သိရပါပြီ။ နောက်တစ်ဆင့် မှာ သင့်အနေဖြင့် customer ကိုဆက်သွယ် ဖို့ မည်သည့် channel ကို ရွေးချယ်ပြီး ကြေညာ ရမည်ကို လေ့လာရပါမည်။ Channel များမှာ website, Micor Site, Blog နှင့် Social Media များ ဖြစ်ပါသည်။ အကယ်၍ သင့်အနေဖြင့် Social Media ကို ရွေးချယ်လိုက်ပါက Social Media ၏ Strong Point ကို သိထားရပါမည်။ ထိုအချက်သည် သင့် content များကို မှန်ကန်သည့် customer များ ထံ ရောက်ရှိအောင် ကူညီပေးပါလိမ့်မည်။ သင်အတွက် မှတ်ထားသင့်သည့် အရာသည် အချိန်ကို ချွေတာ ခြင်းအားဖြင့် content များ ကို Platform အစုံတွင် တင်ပေးစရာ မလိုပါဘူး။ တစ်ကယ် ထိထိရောက်ရောက် ဖြစ်နိုင်မည့် Channel ကို သာရွေးချယ်သင့်ပါသည်။

5. All the time, be Relevant

Content Marketing ၏ အောင်မြင် မှု အကြောင်းကို ဖော်ပြပြီး customer များထံမှ ယုံကြည်မှုကို ရယူပါ။ သင့် အနေဖြင့် " Sense of ownership " ဆိုသည့် content ကို သင့် customer အတွက် ရေးသားလိုက်ပါ။ ထို content သည် သင့်အနေဖြင့် customer များကို သူတို့နှင့် ထပ်တူ စဉ်းစားပေးသည် ဆိုသည့် အကြောင်းကို သိရှိအောင် ရည်ညွှန်းခြင်းဖြစ်ပါသည်။ ထိုမှာသာ သူတို့အနေဖြင့် content ကို အခြားသူများ ထံ ထပ်မံ Share လုပ်ပေးလာပါလိမ့်မည်။ သင့် content ကို ပိုမိုကျယ်ပြန့် စွာ ရောက်ရှိစေရန် အဆိုပါ နည်းလမ်းသည်လည်း အသုံးဝင်ပါလိမ့်မည်။

အခု ဖော်ပြခဲ့သည် "5R" ဆိုသည့် အချက်အားလုံးသည် သင့် content marketing ကို အောင်မြင်ရန် အတွက် အထောက်အကူပြု ပါလိမ့်မည်။

Facebook Ads ပြုလုပ်ရန် စိတ်ဝင်စားပါက 
www.ReadyPlanet.com.mm
Ooredoo- 09 976831691
Telenor-09 788848091
MPT-09 263081891

30/03/2016
Aung Pyae Phyo Kyaw
www.readyplanet.com.mm

Interesting in our service

DIY Website, Online Advertising