09/03/2016: Journal : The best time to post on Facebook

သင့်မှာ Online Shopping Facebook Page တစ်ခုရှိတယ်ဆိုပါစို့။ တစ်ခါတစ်ရံ သင်၏ ကုန်ပစ္စည်းများ နှင့် ပတ်သက်သည့် Post များ၊ ဝန်ဆောင်မှု နှင့် ပတ်သက်သည့် content များ (သို့မဟုတ်) အခြား စိတ်ဝင်စားဖွယ်ရာ နှင့် အသုံးဝင်သည့် content များကို ရေးသားလေ့ရှိသော်လည်း သင့်အတွက် Followers များထံမှ feedback ကောင်းကောင်း ပြန်မရသည့် အခါများရှိပါသည်။ သင်၏ Post များသည့် သင်မျှော်မှန်းထားသလောက် like, comment မရ သည့်အပြင် post click ပါ နည်းပါးလာပါက သင့်အနေဖြင့် ဘာကြောင့် အခုလို ဖြစ်ရသည့်အချက်ကို ရှာဖွေရပါမည်။ အမှန်တကယ်တမ်း သင့်အတွက် အထောက်အကူ ပေးနိုင်သည့် အဖြေသည် " သင် post တင်သည့် အချိန် မှားယွင်းနေခြင်း " ကြောင့် ဖြစ်ပါသည်။


ReadyPlanet မှ Chief Operating Officer (COO) ဖြစ်သူ Mr. Burin Kledmanee မှ အဆိုပါ အခက်အခဲ နှင့် ပတ်သက်ပြီး February 10, 2559 ထုတ် Post Today သတင်းစာတွင် အသုံးပြုလိုက်နာရမည့် အချက်အလက်များကို ဖော်ပြပေးခဲ့ပါသည်။ အဆိုပါ အချက်အလက်များထဲမှ အရေးပါသည့် အချက်အလက်များ ကို ဖော်ပြပေးလိုက်ပါသည်။

"အကယ်၍ သင်၏ Business Facebook Page သည် Flower Delivery Service ဖြစ်ပါနေပြီး သင့်အနေဖြင့် content များကို ညသန်းခေါင်ယံ အချိန်မှ post အသစ်တင်လေ့ ရှိသူဖြစ်ပါသည်။ ဒီအချိန်တွင် လူတော်တော် များများသည် အိပ်ရာဝင်လေ့ ရှိပြီး ညသန်းခေါင်ယံ အချိန်တွင် ပန်းဝယ်ရန် စိတ်မဝင်စားသည့်အချိန်ဖြစ်ပါသည်။ ဒီအချက်သည် သင့် content များ ကို  သင့် Target  များထံ တိုက်ရိုက်မရောက် မရောက်နိုင်သည့် အချက်ဖြစ်ပါသည်။ ထို့ကြောင့် သင့်အနေဖြင့် Post တင်သည့်အချိန်ကို မနက်ပိုင်းကို ရွှေ့ခဲ့ပါက သင့်၏ content, post များသည် သင့်၏ traget သုံးစွဲသူများထံ တိုက်ရိုက်ရောက်နိုင်သည် ဟု ယူဆပါသည်။ ဘာကြောင့်လဲ ဆိုတော့ ထိုအချိန်တွင် လူအများသည် အလုပ်သွားချိန်၊ ဈေးသွားချိန်တွင် ဖုန်းဖြင့် Facebook အသုံးပြုမှုမှာ အများဆုံးဖြစ်ပါသည်။ ဒါကြောင့် သင့် content သည် သင့်၏ Target များထံ သို့ လွယ်ကူစွာ ရောက်ရှိနိုင်ပါသည်။ " ဟု ပြောကြားခဲ့ပါသည်။

နောက်တစ်ခု အနေဖြင့် " ထိုအချက်အလက်များ အားလုံးကို လွယ်လွယ်ကူကူလုပ်ဆောင်နိုင်သည့် နည်းလမ်းများ ကို ရှာဖွေရပါမည်။ သင့်၏ target သုံးစွဲသူများ၏ နေ့စဉ်လှုပ်ရှား များ ကို လေ့လာပါ။ ဒါမှသာ သင့်အနေဖြင့် Post တင်မည့် အချိန်ကို သတ်မှတ်နိုင်ပြီး မှန်ကန်သည့် Target ထံ သို့တိုက်ရိုက် ရောက်ရှိနိုင်မှ ဖြစ်ပါသည် ။ "

အဆိုပါ အကြံဥာဏ်များ သည် Mr.Burin မှ Post Today သတင်းစာ သို့ပြောကြားခဲ့သည့် အချက်များထဲမှ အနည်းငယ် ကို ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။


09/03/2016

Aung Pyae Phyo Kyaw

www.readyplanet.com.mm

Interesting in our service

DIY Website, Online Advertising