26/01/2016: Interview : Welcome 2016 with smartphone online marketing

၂၀၁၆ နှစ်သစ် ကို ရောက်ရှိလာချိန်တွင် စီးပွားရေးလုပ်ငန်းရှင်များ နှင့် Online Marketers များအနေဖြင့် သူတို့၏ အွန်လိုင်း ဈေးကွက်ကို စတင် ဦးစားပေးရှာဖွေနေကြပါသည်။

ReadyPlanet မှ CEO ဖြစ်သည့် Mr. Songyot Kanthamanon ၏ ၂၀၁၆၊ ဇန်နဝါရီလ အစ ပိုင်းတွင်ပြုလုပ်ခဲ့သည့် Interview ခေါင်းစဉ် " ၂၀၁၆ အတွင်း Online Marketing ခေတ်ရေစီးကြောင်း : Smartphone သည် ရောင်းသူ နှင့် ဝယ်သူ တို့အတွက် အရေးကြီးသည့် အထောက်အကူတစ်ခု ဖြစ်ပါသည် " ဆိုသည့်ခေါင်းစဉ်ကို ဖော်ပြပေးလိုက်ပါသည်။

သုံးစွဲသူများ အနေဖြင့် ၂၀၁၆ တွင် အွန်လိုင်း ဈေးကွက် ပြိုင်ဆိုင်မှု တွင် Mobile Screen ပေါ်သို့ပြောင်းလဲလာ ပြီး Mobile Apps ဖြင့် ဈေးကွက် ပြိုင်ဆိုင်ခြင်းသည် ပိုမို စိတ်ဝင်စားဖွယ် ကောင်းအောင် တွေ့ရှိရပါမည်။ ထို့အပြင် Smart Phone များသည်လည်း ပိုမို ဈေးသက်သာ လာပြီး အသုံးပြုရ အဆင်ပြေလာပါသဖြင့် 2016 ဈေးကွက် ပြိုင်ဆိုင်မှု သည် စိတ်ဝင်စားဖွယ်ကောင်းပါသည် ဟု Mr. Songyot မှ ပြောကြားခဲ့ပါသည်။

Mr. Songyot မှ ပထမ ဦးစွာ SME ( အသေးစားစီးပွားရေးလုပ်ငန်း) အတွက် Smart Phone ကို အသုံးပြုပြီး ဘယ်လို နည်းလမ်းများဖြင့်  မိမိ ကုန်ပစ္စည်းများကို သုံးစွဲသူများ ရင်းနှီးအောင် ပြုလုပ်ရမလဲ ဆိုသည့်အချက်ကို ရှင်းပြပေးခဲ့ပါသည်။

၁. Google နှင့် Facebook ကို အသုံးပြုပြီး Website သို့ Customer အသစ်များ ဝင်ရောက် အောင် ပြုလုပ်ပါ။

၂.  အရင် customer များဖြင့် ကောင်းမွန်သည့် ဆက်သွယ်မှုရရှိရန် Facebook နှင့် Mobile မှ တစ်ဆင့် အမြဲဆက်သွယ်ပေးပါ။
CRM Strategy ( Customer Relationship Management Strategy ) သည် အသေးစား စီးပွားရေး လုပ်ငန်းများ အတွက် လွန်စွာ အရေးကြီးပါသည်။ Social Media သည် သင်၏ အရင် customer များကို ဆက်သွယ်ရတွင် အထောက်အကူ ပြုပေးနိုင်ပါသည်။


26.01.2016
Aung Pyae Phyo Kyaw
www.readyplanet.com.mm

Interesting in our service

DIY Website, Online Advertising