08/01/2016 : Interview : Business resort on the website, Bann Pla Lo Ma Resort

Website ဆိုသည်မှာ စီးပွားရေးလုပ်ငန်းများ၏ သတင်းအချက်အလက်များ ကို သိမ်းဆည်းထားသည့် သိုလှောင်ရုံ တစ်ခုသဖွယ်ဖြစ်ပါသည်။ အထူးသဖြင့် Website ထဲတွင် Company နှင့် သက်ဆိုင်သည့် Service နှင့် Product ဓာတ်ပုံများ ကို သိမ်းထား လေ့ရှိပါသည်။ ဒါ့အပြင် Company စီးပွားရေးလုပ်ငန်းအပေါ် အသုံးပြုသူများ ယုံကြည်မှု ရရန်လည်း အရေးကြီးပါသည်။ ထို့ကြောင့် အခုဖော်ပြမည့် အပန်းဖြေစခန်းအတွက် Website တစ်ခုသည် လိုအပ်ပါသည်။

ဒီနေ့ အတွက် Home Dolphin Resort ( သဘာဝ အတိုင်းအေးချမ်းမှု ရှိသည့် Resort ) မှ ပိုင်ရှင် နှင့် အတူ ဆက်ဆံရေး နွေးထွေးစွာ စကားပြောဖြစ်ခဲ့ကြပါသည်။ Ben သည် baanplaloma.com ၏ web master တစ်ယောက်ဖြစ်သလို ReadyPlanet မှ website service ကို အသုံးပြုသူလည်း ဖြစ်ပါသည်။

Ben နှင့် အတူ Resort နှင့် ပတ်သက်ပြီး အရင်အချိန် က အကြောင်းများ ပြန်ပြောဖြစ်ခဲ့ပါသည်။ အရင်အချိန်က Resort သည် Bangprakong မိသားစု မှ ပိုင်ဆိုင်သည့် အိမ် ဖြစ်ခဲ့ပြီး မိသားစုဝင်များ အားလုံး အရေးကြီးသည့် နေ့တွင် စုဝေးသည့် နေရာတစ်နေရာလည်းဖြစ်ခဲ့ပါသည်။ ပိတ်ရက်ရှည်များ တွင်လည်း မိသားစုများ လာရောက် အပန်းဖြေသည့် နေရာလည်း ဖြစ်ပါသည်။ နောက်ပိုင်းတွင် Ben တို့ မိသားစုမှ ထိုအိမ်ကို ကြိုက်နှစ်သက်သဖြင့် ဝယ်ယူလိုသော်လည်း ငွေကြေးအားဖြင့် မြင့်မားသည့်အတွက် မဝယ်ယူနိုင်ခဲ့ပါ။ ထို့နောက် Ben မှ မိသားစု အားလုံးကို သူ၏ အကြံဥာဏ် နှင့်ပါတ်သက်ပြီး ဆွေးနွေးပါသည်။ အဆိုပါ အိမ်ပတ်ဝန်းကျင်တွင် အပန်းဖြေ စခန်း မရှိသဖြင့် ဒီ အိမ်ကို အပန်းဖြေစခန်း တည်ဆောက်ရန် ဆုံးဖြတ်လိုက်ကြပါသည်။

ထို့နောက် Bann Pla Lo Ma resort နှင့် ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင်အကြောင်းကို မေးမြန်းပါသည်။ လူအများစုသည် နေ့စဉ်နှင့် အမျှ အလုပ် လုပ်နေရသဖြင့် စိတ်ပင်ပန်း နိုင်သလို မြို့ပြများတွင် နေရသည့်အတွက် အေးချမ်းမှုကို သင်အပြည့်အဝခံစားရမှာ မဟုတ်ပါ။ Bann Pla Lo Ma အပန်းဖြေစခန်းသည် သင့်အတွက် သဘာဝတရား နှင့် တည်ငြိမ်မှုကို အတူတကွ တွေ့ကြုံခံစားနိုင်သလို အမျိုးမျိုးသော ကျန်းမာ ရေး လှုပ်ရှားမှုများ ကိုလည်း ရရှိနိုင်ပါသည်။


အပန်းဖြေစခန်း လုပ်ငန်း ၏ Website နှင့်ပတ်သက်ပြီး Ben ကို မေးကြည့်သည့်အခါ Website တစ်ခု သည် အရေးပါသည့် အပိုင်းမှ ပါဝင်ပါသည် ဟု Ben မှ ပြောခဲ့ပါသည်။ အဘယ်ကြောင့် ဆိုသော် Website သည် ကျယ်ပြန့်သည့် Media တစ်ခုဖြစ်သလို လုပ်ငန်းရှင်များ အတွက် သတင်းအချက်အလက် များကို သိမ်းဆည်းထားပြီး လိုအပ်သလို အချိန်မရွေး ဖော်ပြလို့ ရပါသည်။ အသုံးပြုသူများ အနေဖြင့်လည်း Website တွင် ရှိသည့် Content များကို ဖတ်ရှုပြီး စိတ်ချပြီး ဆိုမှသာ အခန်းကြိုတင်မှာယူခြင်း ၊ ငွေချေခြင်းများကို လုပ်ဆောင်ကြပါသည်။ ထိုအချိန်တွင် အင်တာနက်ကို အသုံးပြုထားသည့်အတွက် Website သည် စိတ်ချယုံကြည့်ရန် လိုအပ်ပါသည်။ ဒါကြောင့်လည်း Ben တို့အနေဖြင့် သူတို့ အပန်းဖြေ Website ကို လုံခြုံမှု ရှိအောင် အထူးလုပ်ဆောင်ထားပါသည်။


နောက်ဆုံးအနေဖြင့် Ben မှ Website ကို မည်သည့်အတွက်ကြောင့် အားထားရသည့်အကြောင်းကို ရှင်းပြခဲ့ပါသည်။ Website သည် မိမိ စီးပွားရေး လုပ်ငန်း ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အခု လက်ရှိ အပန်းဖြေစခန်း Website သည် အသုံးပြုများ ထံမှ ယုံကြည်မှုကို အပြည့်အဝ ရယူနိုင်ပြီး ရင်းနှီးမှု ရရှိ ရန် အတွက် တံခါးပေါက် တစ်ခုလည်း ဖြစ်ပါသည် ဟု ပြောခဲ့ပါသည်။

သင့် စီးပွားရေးလုပ်ငန်းအတွက် Website ပြုလုပ်ရန် စိတ်ဝင်စားပါက ReadyPlanet Myanmar နှင့် ဆက်သွယ်လိုက်ပါ။

Interesting in our service

DIY Website, Online Advertising