15/10/2015:Journal : Online Marketing Landscape

Online Marketing Landscape

ယနေ့ကမ္ဘာတွင်ဆက်သွယ်ရေးနည်းပညာသည်အလွန်ပင်လျင်မြန်တိုးတက်နေလျက်ရှိပါ သည်။မိမိကြော်ငြာလုပ်ငန်းအတွက်"Online World"သည်အရေးကြီးသောchannel ဖြစ်သလို လုပ်ငန်းတိုးတက်မြန်ဆန်အောင် ဆောင်ရွက်ပေးနိုင်သည့်Channel တစ်ခု ဖြစ်ပါသည်။

ထို့ကြောင့်မိမိလုပ်ငန်း နှင့်ပတ်သက်ပြီး Online နှင့်Offline၏ကွာခြားချက်များ နှင့် မည်သို့ဆောင်ရွက်ရမည်ကိုReadyPlanet CompanyမှChief Operation Officer Mr. Burin Kledmanee ကစီးပွားရေးလုပ်ငန်းရှင်များသိစေရန်အတွက်ထိုင်းနိုင်ငံထုတ်"Online Market Landscape "ဂျာနယ်၌ အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။
"Offline၌ ကြော်ငြာခြင်းသည် နေရာကအရေးကြီးပါသည်။သင်ရောက်စေချင်သောtarget ရောက်ရန် နေရာ ရွေးချယ်မှုသည်မှန်ကန်ဖို့လိုပါသည်။ ဆိုင်အများစုသည် နေရာတစ်နေရာတည်း၌တူညီသောကုန်ပစ္စည်းများကိုရောင်းကြသည်။ ဥပမာအနေနှင့်ပထမဆိုင်သည် လျှပ်စစ်ပစ္စည်းရောင်းချသည်။ ဒုတိယဆိုင်သည်လည်း လျှပ်စစ်ပစ္စည်းရောင်းချသည်။ ဒါဆိုရင် နှစ်ဆိုင်လုံး၏ရောင်းအားသည် ကွာခြားမှုမရှိနိုင်ပါ။ ဘာကြောင့်လဲဆိုတော့ တစ်နေရာတည်း၌ ရောင်းချနေခြင်းကြောင့်ဖြစ်ပါသည်။

Online marketနှင့်ယှဉ်ကြည့်လျှင် ရောင်းတဲ့ပစ္စည်းတူသော်လည်း ရောင်းအားမှာကွာခြားမှုရှိသည်။ Online၌ ကြော်ငြာခြင်းတွင် တည်နေရာက အရေးမကြီးပါ။ Online market သည် မည်သည့်ဆိုင်အတွက်မဆို များစွာအကျိုးရှိပါသည်။ လုပ်ငန်းရှင်များသည် သူတို့ကုန်ပစ္စည်းများကို တစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးရောင်းချနိုင်သည်။ ဝယ်သူများသည် မိနစ်၃၀မှ၆၀ အတွင်း သိနိုင်ပြီး စိတ်ဝင်စားလျှင် ချက်ချင်းမှာကြား ဝယ်ယူနိုင်ပါသည်။   ရောင်းအားသည်လည်း တစ်နေရာတည်းတွင် ရောင်းခြင်းမဟုတ်သည့်အတွက် ပိုမိုကောင်းလာပါမည်။ ထို့ကြောင့် ပထမဆုံး စီးပွားရေးလုပ်ငန်းအတွက် Online World ၌ ကြော်ငြာခြင်းဖြင့် စတင် ခြင်းသည်သင့်ရဲ့ business အတွက် အကောင်းဆုံးဖြစ်သည်ဟု အကြံပေးချင်ပါသည်။"